■ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီတွင်  ဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးတို့အား တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း

■ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီတွင်  ဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးတို့အား တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း
Published 24 March 2026

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီတွင်  ဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးတို့အား တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယနေ့ (မတ် ၂၄ ရက်) တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအား အဖွဲဝင် ၁၅ ဦးဖြင့် ဖွဲစည်းခဲ့ခြင်းဖြစ်သည်။

ဥပဒေကြမ်းကော်မတီမှာ ပါဝင်မယ့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်း၊ ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနဲ့စပ်လျဉ်းပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့  ၂၃ ရက် ၃ လ ၂၀၂၆ ရက်နေ့မှာ တင်ပြခဲ့ပြီးဖြစ်ပါတယ် ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ထို့နောက် ဥပဒေကြမ်းကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို အတည်ပြုရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် လွှတ်တော်က သဘောတူခဲ့သည့်အတွက် ဥပဒေကြမ်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ အဖွဲ့ဝင်များအဖြစ် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ ရေဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့်အောင်၊ နတ်တလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ဆိတ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းထွန်းဝင်း၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရွှေ၊ ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၊ မိုင်းခတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်၊ ကျုံပျော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ ကြံခင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦး၊ တောင်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း (ခေါ်) နန်းစိန်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝင်းမြိုင်၊ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့ တာဝန်ပေးအပ်ဖွဲစည်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက “ ဥပဒေကြမ်းကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနဲ့ ကော်မတီအစည်းအဝေးတိ့ုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ် ဟု ပြောကြားသည်။

ဥပဒေကြမ်းကော်မတီတာဝန်များအနေနှင့် ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များနှင့်ညီညွတ်မှု ရှိ၊ မရှိ၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ်စောင့်ရှောက်ရေးကို ဦးတည်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြု ထိပါးစေမည့် အချက်အများ ပါဝင်ခြင်း ရှိ၊ မရှိ၊ နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိ၊ အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်း ရှိ၊ မရှိ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား အသုံးအနှုန်းများ ပါဝင်ခြင်း ရှိ၊ မရှိ၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုနှင့် အစိုးရအဖွဲ့အစည်းတစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန အဖွဲ့အစည်း တစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်း ရှိ၊ မရှိ၊ အပြည်ပြည်ဆိုင်ရာ ဒေသဆိုင်ရာ သို့မဟုတ် ဒေသအချင်းချင်းဆိုင်ရာစာချုပ်များ၊ သဘောတူညီချက်များပါ တာဝန်အရ ရေးဆွဲထားသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ၊ သဘောတူစာချုပ်များပါ မြန်မာနိုင်ငံက သဘောတူလက်ခံထားသော အချက်များနှင့် လိုက်လျောညီထွေခြင်း ရှိ၊ မရှိ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာဥပဒေကြမ်းနှင့် သက်ဆိုင်သော မူပိုင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ၊ မရှိ အပါအဝင် နှင့် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေ ရှိ၊ မရှိ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent