အမေရိကန် ပဲပုပ်ဖတ် မြန်မာဝယ်ရန် သဘောတူညီချက်ရရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးက ထုတ်ပြန်သည်။
အရှေ့တောင်အာရှသို့ အမေရိကန် ပဲပုပ်ဖတ်တင်ပို့မှု တိုးမြှင့်နိုင်ရန်အတွက် အမေရိကန် တင်ပို့ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သံရုံးမှ မျက်မြင်တွေ့ကြုံခွင့်ရခဲ့သည့်အတွက် ဝမ်းမြောက်မိသည်ဟု သံရုံးက ဖော်ပြသည်။
ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်လယ်သမားများအတွက် ဈေးကွက်သစ်များ ဖော်ဆောင်ပေးသည့်အပြင် ဒေသတွင်း၌ ခိုင်မာသော ထောက်ပံ့ရေးကွင်းဆက်များနှင့် ရေရှည်စီးပွားရေး အဆက်အသွယ်များကိုလည်း ပိုမိုအားကောင်းစေကြောင်း၊ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီး ထုတ်လုပ်သူများနှင့် ဝယ်ယူသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည့် ကုန်သွယ်ရေးအစီအစဉ်များကို ကြိုဆိုကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။









