■ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဒုတိယအကြိမ်အဖြစ် သာကေတမြို့နယ်အတွက် လှူဒါန်းသည့် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် ဒုတိယမြောက် စီမံကိန်းလွဲှပြောင်းပေးအပ်

■ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဒုတိယအကြိမ်အဖြစ် သာကေတမြို့နယ်အတွက် လှူဒါန်းသည့် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် ဒုတိယမြောက် စီမံကိန်းလွဲှပြောင်းပေးအပ်
Published 29 January 2026

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်း သာကေတမြို့နယ်အတွက် လှူဒါန်းသည့် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် ဒုတိယမြောက် စီမံကိန်းလွှဲပြောင်းပေးအပ်ပွဲအခမ်အနားအား  ဇန်နဝါရီ ၂၆ ရက်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးရှိ U Energy စက်ရုံတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms.Ma Jia၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန် ဦးဘိုဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းလျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း စီအီးအို ဦးကျော်သူနှင့် Energy Power Plant မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၄ခုနှစ်တွင် ယူနန်ပြည်နယ်သည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယ သမုဒ္ဒရာဝန်းကျင်ရှိ နိုင်ငံ ၁၃ ခုကို ရည်ရွယ်၍၂၀၂၂ခုနှစ်မှ စတင်ကာ “စိတ်ချင်း ယှက်နွယ် ယူနန်အစီအစဉ်” အရ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် ပြည်သူ့အကျိုး ပြုပရဟိတ စီမံကိန်းပေါင်း ၁၈၇ ခုကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းများအနက်မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အအုံ၊ သန့်ရှင်းသော စွမ်းအင်၊ သန့်ရှင်းသော သောက်သုံးရေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေးထောက်ပံ့မှု၊ အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် သဘာဝဘေး အန္တရာယ် တုံ့ပြန်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် စီမံကိန်း ၄၅ ခုအထိ ဆောင်ရွက်ခဲ့ပြီး ယင်းတို့အနက် မြန်မာနိုင်ငံ အခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်ဝယ်ရေး ကိုယ်စားလှယ်ရုံးက တင်ပြအကောင်အထည်ဖော်သည့် စီမံကိန်း ၇ ခုရှိပြီး စုစုပေါင်းတန်ဖိုးငွေ တရုတ်ယွမ်ငွေ ၂ သန်းခန့်ရရှိကာ ဒေသခံပြည်သူများအကျိုးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခု “စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ဆိုလာလမ်းမီး အဆင့် ၂ စီမံကိန်းသည် အဆင့် ၁ စီမံကိန်းကို ဆက်လက်တိုးချဲ့လုပ်ဆောင်ခြင်းဖြစ်ပြီး၊ သာကေတမြို့နယ်အတွင်းလမ်းများတွင် ဆိုလာလမ်းမီး အစုံ ၄၀ တပ်ဆင်ပေးမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ တရုတ်ယွမ်သုံးသိန်း ခုနှစ်သောင်းကျော်ရှိပြီး  သာကေတမြို့နယ်ရှိ အများပြည်သူနေရာများ စွာပါဝင်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံအခြေစိုက်ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးနှင့် YEG တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်သည်။  YEG သည် ရန်ကုန်တွင် နှစ်ပေါင်းများစွာ ပင်မဓာတ်အားပေးလုပ်ငန်းအား လုပ်ကိုင်ခဲ့ပြီး ပျမ်းမျှ နေ့စဉ်ဓာတ်အား ထုတ်လုပ်ခြင်းသည် အိမ်ထောင်စုသုံးသိန်း၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရသည်။

“သာကေမြို့နယ် ဆိုလာလမ်းမီးစီမံကိန်းမှာတော့ ကျွန်တော်တို့ဟာ အစိုးရရန်ပုံငွေနဲ့ လုပ်ငန်းရှင်များ ပူးပေါင်းမှုပုံစံကို အသုံးပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားရေးကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးနဲ့ Yunnan Energy Group က U Energy Thaketa Power Co.Ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယအကြိမ်စီမံကိန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သာကေတမြို့နယ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခုဒုတိယအကြိမ်မှာ တပ်ဆင်ထားတဲ့ ဆိုလာလမ်းမီး အစုံ ၄၀ ဟာ လူစည်ကားပြီး သွားလာမှုများပြားတဲ့ စျေးများ ပန်းခြံများ စက်သုံးဆီဆိုင်များနဲ့ ရုံးဌာနအနီးတစ်ဝိုက်ကို လွှမ်းခြုံထားပါတယ်။ ပထမအကြိမ်နဲ့ ပေါင်းလိုက်မယ်ဆိုရင် အိမ်ခြေ ၄၀၀ ခန့်နဲ့ လူဦးရေ ၂၀၀၀ ခန့်ကို တိုက်ရိုက်နဲ့ သွယ်ဝိုက်သော အကြိုးကျေးဇူးများရရှိစေမှာဖြစ်ပါတယ်။ ယခုနှစ်မှာလည်း တတိယအကြိမ်ကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပြီး သာကေတမြို့နယ် မြောက်ပိုင်း ၁၀ ရပ်ကွက် လမ်းမကြီးတွေအထိ လင်းထိန်သွားအောင် တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်ကစပြီး ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး ဆိုလာလမ်းမီးအပြင် တစ်ခြားသော လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း တိုးချဲ့ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားရေးကူး သန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးမှ တာဝန်ခံ မစ္စတာကောင်းဝေက ပြောကြားခဲ့သည်။

Most Read

Most Recent