ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းမှုကို စတာလင် ငြင်းပယ်ခဲ့ပြီး ဖူလ်ဟမ်ကို ပြောင်းရွှေ့ဖွယ်ရှိ

ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းမှုကို စတာလင် ငြင်းပယ်ခဲ့ပြီး ဖူလ်ဟမ်ကို ပြောင်းရွှေ့ဖွယ်ရှိ
Photo: X
Photo: X
Published 2 January 2026

ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

စတာလင်(၃၁ နှစ်)ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ အသင်းမှာ ကစားခွင့်မရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။

ချယ်လ်ဆီးအသင်းကလည်း တစ်ပတ်လစာပေါင်(၃)သိန်းကျော် ပေးနေရတဲ့ စတာလင်ကို ရောင်းထုတ်ဖို့ လိုလားနေပါတယ်။

ဒါကြောင့် ဝက်စ်ဟမ်းအသင်းက အငှားနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့အသင်းဖြစ်တာကြောင့် စတာလင်က ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး အဆင့်(၁၁)မှာရှိနေတဲ့ ဖူလ်ဟမ်အသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရပါတယ်။

စတာလင်ကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း စိတ်ဝင်စားနေပြီး ဒီအသင်းတွေအားလုံးက ပြီးခဲ့တဲ့နွေရာသီကတည်းက စတာလင်ကို ချဉ်းကပ်ခဲ့ကြဖူးကြောင်းလည်း သိရပါတယ်။

Most Read

Most Recent