■ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတွက် အမှုထမ်းသူ၊ အကျိုးဆောင်သူများ၊ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် ၁၂၄၅ ဦးအား ဂုဏ်ထူးဆောင် ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်း

■ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတွက် အမှုထမ်းသူ၊ အကျိုးဆောင်သူများ၊ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် ၁၂၄၅ ဦးအား ဂုဏ်ထူးဆောင် ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်း
Published 14 November 2025

■ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဥက္ကဋ္ဌ ဦးဝိတ်(ခ) ဦးဝိဇ္ဇာ၊ ဒါရိုက်တာ ဦးအောင်လွင်၊ စင်ရော်မောင်မောင်၊ သရုပ်ဆောင် ဝေဠုကျော်၊ ခိုင်နှင်းဝေ၊ ဟာသသရုပ်ဆောင် ဒိန်းဒေါင်နှင့် ငြိမ်းချမ်းတို့ ဆုချီးမြှင့်ခံရ

အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် ၁၂၄၅ ဦး အား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ယာယီသမ္မတက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း ယနေ့(နိုဝင်ဘာ ၁၄ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၀၃ /၂၀၂၅ ဖြင့် ထုတ်ပြန်သည်။

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ အား မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်၊ ဇေယျကျော်ထင်ဘွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်စိုးမင်း၊ ဗိုလ်ချုပ်စိုးမြတ်ထွဋ် အပါအဝင် ခုနှစ်ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမျိုးသားလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးလွင်ဦး၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဥက္ကဋ္ဌ ဦးဝိတ်(ခ) ဦးဝိဇ္ဇာ၊ ရွှေသံလွင် နာယက ဒေါက်တာနီနီ တို့ အပါအဝင် ၁၀ ဦးအား ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

ထို့ပြင် တေးရေးပညာရှင် ရေနံ့သာဝင်းမောင်၊ ဂီတပညာရှင် စန္ဒရားတင်ဝင်းလှိုင်၊ အဆိုပညာရှင် ရေနံ့သာစိုးလှိုင်၊ မဟာဂီတအဆိုပညာရှင် ရွှေကူနန်းနွဲ့နွဲ့၊ ဒါရိုက်တာ အေဝမ်းတင်မောင်ယုနှင့် အောင်လွင် တို့အား အလင်္ကာကျော်စွာဘွဲ့၊ မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင် ဦးသိန်းလှိုင်၊ ဦးကျော်၊ ဦးမြဟန် တို့ အပါအဝင် ၁၇ ဦး အား သိပ္ပကျော်စွာဘွဲ့ ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မြင့်ဟိဏ်း၊ ဗိုလ်မှူးကြီး အောင်စည်ဖြိုး တို့အပါအဝင် ၅၄ ဦးအား တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ရန်နိုင်ထွန်း၊ ယာယီဒုတိယရဲမှူးကြီး ကျော်သူ၊ ယာယီဒုတိယရဲမှူးကြီး ထင်အောင်ဇင် အပါအဝင် ခုနှစ်ဦး အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာယီဒုတိယရဲမှူးကြီး ဉာဏ်ဒီပ၊ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအာကာ၊ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း အပါအဝင် ၁၂၂ ဦးအား ရဲဗလတံဆိပ် ချီးမြှင့်အပ်လိုက်ကြောင်း သိရသည်။

အလားတူ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတံဆိပ် ဖြစ်သော သီရိဇေယျကျော်တံဆိပ် အား ဂျပန်နိုင်ငံ၊ နာဂိုယာမြို့၊ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့၊ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Noriatsu Otomori ၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် ဖြစ်သော လူမှုထူးချွန်တံဆိပ် အား Max Myanmar Gtoup of Company ဥက္ကဋ္ဌ ဦးအုန်းကျော်၊ Pacific AA Foundation ဒုတိယဥက္ကဋ္ဌ ဒေါက်တာစောနေနွယ်၊ ရွှေသံလွင် ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ UAB Bank Foundation ဥက္ကဋ္ဌ ဦးနေအောင် တို့အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သရုပ်ဆောင် ဝေဠုကျော်၊ ဟာသသရုပ်ဆောင် ငြိမ်းချမ်း၊ ခိုင်နှင်းဝေဖောင်ဒေးရှင်း ဒေါ်ခိုင်နှင်းဝေ၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ ညိုမင်းလွင်နှင့် ကျော်ဇောလင်း(အတွေးပုံရိပ်)၊ သရုပ်ဆောင် ချမ်းသာကြည်စိုးနှင့် ထူးခန့်ကျော်၊ သဘင်ပညာရှင် တင်မောင်ဆန်းမင်းဝင်း၊ သရုပ်ဆောင် သဘင်ပညာရှင် ပတ္တမြားကေခိုင်၊ ဟာသသရုပ်ဆောင် တိမ်ညွှန့်နှင့် အုန်းသီး တို့အား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် ဖြစ်သော လူမှုထူးချွန်တံဆိပ်၊ ဒါရိုက်တာ ဇော်မြင့်ဦး၊ သရုပ်ဆောင် ကမ္ဘာကျော်ငွေလှိုင်၊ အနုပညာရှင်(မင်းသမီး) ဒေါ်စီစီစိန် တို့အား အနုပညာထူးချွန်တံဆိပ် ချီးမြင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

Most Read

Most Recent