စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် စည်ပင်မှ အကြီးတန်းစာရေး အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သားနှင့်သမီးဖြစ်သူတို့ကို PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်နေ ချောင်းဦးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းစာရေးဖြစ်သူ ဒေါ်သီတာ(၅၅ နှစ်)သည် ၎င်း၏သားဖြစ်သူ မောင်သော်ဇင်လင်း(၂၇ နှစ်)၊ သမီးဖြစ်သူ မစုမြတ်ရတနာ (၂၅ နှစ်) တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် နိုဝင်ဘာ ၃ ရက် ည ၁၀ နာရီခန့်တွင် PDF ရှစ်ဦးခန့်က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်များဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အရပ်သားပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သူများကို အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















