■ ညောင်ဦးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ် 

■ ညောင်ဦးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ် 
Published 22 October 2025

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၁၆ ရက်က  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီး  ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ညောင်ဦးမြို့နယ် ယမ်းဆမ်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ဦးမြင့်ကျော် (၆၉ နှစ်) သည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ  အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလွင်ကိုသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့်က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်မှ  ဖမ်းဆီးခံထားရသူ နိုင်ငံရေးပါတီဝင်တစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို သတ်ဖြတ်သွားသူများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent