■ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ခရီးသွားလာစဉ် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် PDF များက ဖမ်းဆီးခေါ်ဆောင် 

■ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ခရီးသွားလာစဉ် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် PDF များက ဖမ်းဆီးခေါ်ဆောင် 
Published 22 October 2025

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ခရီးသွားလာစဉ် အောက်တိုဘာ ၁၉ ရက်က ကျောက်ပန်းတောင်းမြို့နယ်တွင် PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

 

ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၇၂ နှစ်အရွယ်ရှိ ဦးတင်လှသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ တလိုင်းကွင်းကျေးရွာသို့ ခရီးသည်တင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကျောက်ပန်းတောင်းမြို့နယ်  ဆိတ္တိန်းကျေးရွာအနီးအရောက်၌ PDF များက မော်တော်ယာဉ်အား တားဆီး၍ ဦးတင်လှအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံထားရသူကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent