မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အသင်းသားစုံညီအစည်းအဝေးကျင်းပပြီး အသင်းဝင်အင်အား ၁၇၀၀၀ ကျော်ရှိကြောင်း သိရ

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အသင်းသားစုံညီအစည်းအဝေးကျင်းပပြီး အသင်းဝင်အင်အား ၁၇၀၀၀ ကျော်ရှိကြောင်း သိရ
Published 7 October 2025

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အသင်းသားစုံညီအစည်းအဝေး ကျင်းပပြီး အသင်းဝင် အင်အား ၁၇၀၀၀ ကျော်ရှိကြောင်း အဆိုပါအသင်းဥက္ကဌ ဒေါ်မို့မို့အောင်က ပြောကြားသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (2025) နှင့် အသင်းသားစုံညီအစည်းအဝေးအခမ်းအနားကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီတွင်ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

“တနိုင်ငံလုံးစာရင်းအရဆို ၁၇၀၀၀ ကျော်ရှိပါတယ်။ အသင်းဝင်မယ့်သူတိုင်းက နာရီ ၁၆ နာရီကြာ သင်တန်းတွေ တက်ရပါတယ်။ အဲ့ဒီထဲမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် သင်တန်းလည်း ပေးပါတယ်။ အဲ့ဒါလည်း အဓိက သင်တန်းပေးတဲ့အထဲမှာ တခုအပါအဝင်ပေါ့” ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဌ ဒေါ်မို့မို့အောင်က ပြောကြားသည်။

အခမ်းအနားသို့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌဒေါက်တာတင်ထွန်းဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ကမ္ဘာအိမ်ခြံမြေအဖွဲ့မှဒါရိုက်တာများ၊ အာရှဖစိဖိတ်ကွန်ဗင်းရှင်းမှတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှဧည့်သည်တော်များ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဂုဏ်ထူးဆောင်နာယကများ၊ ဥက္ကဌ၊ဒုတိယဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော်၊ပြည်နယ်နှင့် တိုင်းဒေသကြီးများမှအသင်းသူ၊အသင်းသားများ တက်ရောက်ကြသည်။

Most Read

Most Recent