လာမည့်​ရွေး​ကောက်ပွဲတွင်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ကိုးနယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ်  ၅၆ နယ်၌ ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း UEC ​ကြေညာ

လာမည့်​ရွေး​ကောက်ပွဲတွင်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ကိုးနယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ်  ၅၆ နယ်၌ ရွေးကောက်ပွဲများ ကျင်းပမည်မဟုတ်ကြောင်း UEC ​ကြေညာ
Published 14 September 2025

လာမည့်​ရွေး​ကောက်ပွဲတွင်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ကိုးနယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ်  ၅၆ နယ်၌ ရွေးကောက်ပွဲများကျင်းပမည်မဟုတ်ကြောင်း ပြည်​ထောင်စု​ရွေး​ကောင်ပွဲ​ကော််မရှင်(UEC)က ​ကြေညာသည်။

၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေ မရှိသည့်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ( ၅၆ ) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၉ ) နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၅၆ ) နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀ ( ၈ ) အရ ထုတ်ပြန်ကြောင်း ယ​နေ့(စက်တင်ဘာ ၁၄ ရက်)တွင် UEC က ​ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ကြေညာခဲ့သည့် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် လွှတ်တော် အလိုက် မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများ စာရင်းအသေးစိတ်ကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် တို့တွင် ရွေးကောက်ပွဲများကျင်းပပြုလုပ်မည် ဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent