■ စာရေးဆရာ ချစ်စံဝင်း ကွယ်လွန်

■ စာရေးဆရာ ချစ်စံဝင်း ကွယ်လွန်
Published 26 August 2025

စာရေးဆရာ ချစ်စံဝင်း လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၆ ရက် နံနက်အစောပိုင်းတွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာချစ်စံဝင်းကို ၁၉၄၀ ပြည့်နှစ်တွင် ပဲခူးတိုင်းဒေသကြီး ရစ်ကန်ကြီးကျေးရွာတွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

စာရေးဆရာ ချစ်စံဝင်း၏ နာရေးအား သြဂုတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဆရာချစ်စံဝင်းမှာ ၁၉၆၇ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့နှင့် သိမ်ကြီးဈေး မြန်မာ့ကုန်တိုက်တို့တွင် အလုပ်လုပ်ခဲ့သည်။

၁၉၆၄ မှ ၁၉၆၇ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၆၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် တောင်သူလယ်သမား အစည်းအရုံး ဗဟိုဌာနချုပ်တို့တွင် စာပြုလက်ထောက်အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာနှင့် အယ်ဒီတာချုပ် စသည့်ရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။

၎င်း၏စာအုပ်များအနက် သမိုင်းမှတ်တမ်းဆိုင်ရာ စာအုပ်များဖြစ်သော ဗိဿနိုး သို့မဟုတ် ပျူတို့၏ပန်ထွာမြို့တော်၊ ပျူ၊ ဟန်လင်း(ခေါ်) ဟံသာနာဂရပျူမြို့တော်၊ မြန်မာမြို့ဟောင်း တကောင်းရုပ်ပုံလွှာ၊ မြန်မာအစ အထောက်အထား လေ့လာချက်စာတမ်း စသည်တို့မှာ ထင်ရှားပြီး စာပေဆုများအဖြစ် အမျိုးသားစာပေဆုကို ဤခရီးနီးသလား (၁၉၈၆) နှင့် ဆန်ဖွပ်သည့်အဖိုးအို (၁၉၉၀) စာအုပ်များဖြင့် နှစ်ကြိမ် ရရှိခဲ့သည်။

ထို့ပြင် ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆုနှင့် နိုင်ငံတကာဆုများဖြစ်သော International Trophy for Quality (၁၉၉၈) နှင့် Golden America Award for Quality (၁၉၉၉) တို့ကိုလည်း ရရှိခဲ့သည်။

Most Read

Most Recent