■ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကို ပလောင် အကြမ်းဖက်သောင်းကျန်းသူ TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီး

■ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကို ပလောင် အကြမ်းဖက်သောင်းကျန်းသူ TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီး
Published 24 August 2025

(ELeven Media အယ်ဒီတာအဖွဲ့မှ ERO များထဲတွင် ပထမဆုံးအဖြစ်  TNLA အဖွဲ့အား အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ Terrorist Organisation အဖြစ်သုံးစွဲသွားမည်ဖြစ်ပါသည်။)

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကို ယနေ့ (ဩဂုတ် ၂၄ ရက်) နံနက်ပိုင်းတွင် ပလောင် အကြမ်းဖက်သောင်းကျန်းသူ TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။

သမိုင်းအမွေနှေစ် နေရာတစ်ခုဖြစ်သည့် ဂုတ်ထိပ်တံတားအား ပလောင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့  TNLA အနေဖြင့် ယင်းသို့ ဖောက်ခွဲ ဖျက်ဆီးရန် ကြိုတင်ပြင်ဆင်၍  မိုင်းများထောင်ထားခြင်းဖြစ်ကြောင်း ELeven Media Group ၏ စုံစမ်းမှုများအရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားသည့် မီးရထားသံလမ်း ဂုတ်ထိပ်တံတား (ကျောက်မဲဘက်ခြမ်း) ကို  မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ မိုးထောင်ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရသဖြင့် တံတား၏ အလျား ပေ ၃၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဂုတ်တွင်းကြီးထိပ်တွင် သွားဆောက်ထားသည့်အတွက် "ဂုတ်ထိပ်တံတား "ခေါ်ပြီး ရှမ်းဘာသာနှင့် "ငုပ်ထိပ်" ဟု ခေါ်ဆိုရာမှ "ဂုတ်ထိပ်" ဖြစ်လာသည်ဟုလည်း အဆိုရှိခဲ့သည်။

ဂုတ်ထိပ်တံတားသည် မန္တလေး-လားရှိုးလမ်း နောင်ချိုဘူတာအလွန် ၇ မိုင်ခန့်အကွာ မိုင်တိုင်အမှတ် (၄၆၃/၀၉) တွင် တည်ရှိပြီး သံမဏိအမျိုးအစားတံတားဖြစ်ကာ သံမဏိတိုင် ၁၆ တိုင်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

တံတား၏ အရှည်မှာ ၂၂၆၀ ပေ ရှိပြီး ရေမျက်နှာပြင်အမြင့်ပေ ၁၁၀၀ ရှိကြောင်းနှင့် နောင်ချိုမြို့နယ်နှင့် ၇ မိုင်ခန့်ကွာဝေးပြီး ကျောက်မဲမြို့နယ်နှင့် ၁၄ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။

 

ဂုတ်ထိပ်တံတားကို ဆောက်လုပ်ရာတွင် သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်းကို သုံးစွဲထားကြောင်း မှတ်တမ်းများအရ သိရသည်။

ပေ ၁၂၀ ရှည်သည့် အလျားကူး သံဘောင်ကြီး ၁၀ ခု၊ ပေ ၆၀ ရှည်သည့် အလျားကူး သံဘောင်ကြီး ၁၆ ခုတို့နှင့် သံမဏိတိုင်ကြီး ၁၆ တိုင်အပေါ်တွင် တည်ဆောက်ထားခြင်းလည်း ဖြစ်သည်။

ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ် ရောက်မှ စတင်အသုံးပြုနိုင်ခဲ့သည်။ 

ဂုတ်ထိပ်တံတား ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ဖြစ်သည့်အပြင် ကမ္ဘာ့အမွေအနှစ် တံတားကြီးလည်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent