မန်ယူကို အနိုင်ရပေမဲ့ ကစားသမားများ မပျော်ရွှင်ကြခြင်းဟာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ကြောင်း အာတီတာ ပြောကြား

မန်ယူကို အနိုင်ရပေမဲ့ ကစားသမားများ မပျော်ရွှင်ကြခြင်းဟာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ကြောင်း အာတီတာ ပြောကြား
Photo: Premier League
Photo: Premier League
Published 18 August 2025

အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ အစဉ်အလာပြိုင်ဘက် မန်ယူအသင်းကို အနိုင်ရခဲ့ပေမဲ့ ကစားသမားများ မပျော်ရွှင်ကြခြင်းဟာ ကောင်းမွန်တဲ့လက္ခဏာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်က မန်ယူကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့တာပါ။

ဒါကြောင့် အနိုင်ရခဲ့ပေမဲ့ အာဆင်နယ်ကစားသမားတွေက အသင်းရဲ့ခြေစွမ်းအတွက် မပျော်ရွှင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းနဲ့ ရင်ဆိုင်ရတိုင်း ခက်ခဲတတ်တဲ့အပေါ် မေးမြန်းမှုကို အာတီတာက ''ကျွန်တော် ဒီကို မရောက်ခင်က (၁၈)နှစ် ဒါမှမဟုတ် (၂၂)နှစ်အတွင်း အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲမရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အခု ကျွန်တော် ပထမဆုံးပွဲမှာပဲ နိုင်ပွဲရယူပြီး အဝတ်လဲခန်းထဲကို သွားနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ မပျော်ရွှင်ပါဘူး။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မန်ယူအသင်းကို အနိုင်ရခဲ့တာကြောင့် Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းတဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး(၂၂)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

Most Read

Most Recent