နယူးကာဆယ်အသင်းဟာ အက်စတွန်ဗီလာအသင်းက အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂျာကော့ဘ်ရမ်ဆေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ ပြောင်းရွှေ့ကြေးပေါင်သန်း(၄၀)ဝန်းကျင်နဲ့ သဘောတူညီခဲ့ပြီဖြစ်တာကြောင့် ဂျာကော့ဘ်ရမ်ဆေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအတွက် ဆက်လက်ဆွေးနွေးနေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ ဂျာကော့ဘ်ရမ်ဆေး(၂၄ နှစ်)ကို ဝက်စ်ဟမ်းအသင်းကလည်း ခေါ်ယူချင်ပေမဲ့ ကစားသမားက နယူးကာဆယ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဂျာကော့ဘ်ရမ်ဆေးကို ရောင်းထုတ်လိုခြင်းမရှိပေမဲ့ ဘဏ္ဍာရေးအခြေအနေအရ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းက ဂျာကော့ဘ်ရမ်ဆေးကို ဒီနေ့ညမှာပဲ စာချုပ်ချုပ်ဆိုနိုင်ဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။















