နယူးကာဆယ်အသင်းဟာ လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမဲ့ မခေါ်ယူနိုင်ခဲ့ရင် PSG အသင်းက ပေါ်တူဂီတိုက်စစ်မှူး ဂွန်ကာလိုဟယ်မို့စ်ကို ပြောင်းလဲကြိုးပမ်းဖို့ စီစဉ်လာကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ ရှက်ရှကိုကို ပေါင်သန်း(၇၀)နဲ့ စတင်ကမ်းလှမ်းခဲ့ပေမဲ့ လိုက်ပ်ဇစ်အသင်းက ပယ်ချခဲ့ပြီး မန်ယူအသင်းနဲ့အပြိုင် ခေါ်ယူရမယ့်အခြေအနေလည်း ဖြစ်နေတာကြောင့် ဟယ်မို့စ်ဘက်ကို ဦးလှည့်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ အီဆက်ခ်ကို မခေါ်ယူခင်က ဘင်ဖီကာမှာသာရှိသေးတဲ့ ဟယ်မို့စ်ကို ချိန်ရွယ်ခဲ့ဖူးကြောင်းလည်း Daily Mail က ဖော်ပြခဲ့ပါတယ်။
PSG အသင်းဟာ ဟယ်မို့စ်(၂၄ နှစ်) ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိရင် လက်ခံစဉ်းစားသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အေစီမီလန်အသင်းကလည်း ဟယ်မို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် လက်လျှော့သွားခဲ့ကြောင်း သိရပါတယ်။















