နီကိုဝီလီယံစ်ထက် ရပ်ရှ်ဖို့ဒ် ပိုကောင်းတယ်လို့ ဘာစီလိုနာဥက္ကဋ္ဌဟောင်း ပြောကြား

နီကိုဝီလီယံစ်ထက် ရပ်ရှ်ဖို့ဒ် ပိုကောင်းတယ်လို့ ဘာစီလိုနာဥက္ကဋ္ဌဟောင်း ပြောကြား
Photo: Goal
Photo: Goal
Published 4 August 2025

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဟွမ်ဂက်စ်ပတ်က မခေါ်ယူနိုင်ခဲ့တဲ့ ကစားသမား နီကိုဝီလီယံစ်ထက် အငှားခေါ်ယူထားတဲ့ ရပ်ရှ်ဖို့ဒ်က ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘီလ်ဘာအိုအသင်းက စပိန်တိုက်စစ်ကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ နီကိုဝီလီယံစ်က ဘီလ်ဘာအိုအသင်းနဲ့သာ (၁၀)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းက မန်ယူအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။

နီကိုဝီလီယံစ် ဘာစီလိုနာကို မရောက်ရှိခဲ့ခြင်းအတွက် သူ့အစ်ကိုဖြစ်သူ အီနာကီဝီလီယံစ်က ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ပုံပြင်တွေနဲ့ လိမ်ညာနေခဲ့တယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဟွမ်ဂက်စ်ပတ်က ''ကျွန်တော့်အတွက်တော့ ရပ်ရှ်ဖို့ဒ်က နီကိုထက် ပိုကောင်းပါတယ်။ အီနာကီပြောတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ဘီလ်ဘာအိုအသင်း ဒေါသထွက်တာကိုလည်း နားမလည်ပါဘူး။ ဘီလ်ဘာအိုက ကစားသမားတွေကိုလည်း ကျွန်တော် ခေါ်ယူခဲ့ဖူးပါတယ်။ ဒါက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ'' လို့ ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent