ပယ်လ်ဟင်ညာကို အငှားစာချုပ်နဲ့ စပါးအသင်း ခေါ်ယူ

ပယ်လ်ဟင်ညာကို အငှားစာချုပ်နဲ့ စပါးအသင်း ခေါ်ယူ
Photo: THFC
Photo: THFC
Published 4 August 2025

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ပေါ်တူဂီကွင်းလယ်ခံစစ်ကစားသမား ပယ်လ်ဟင်ညာကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

အငှားစာချုပ် သက်တမ်းကုန်ရင် ယူရိုသန်း(၃၀)နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပယ်လ်ဟင်ညာ(၃၀ နှစ်)ဟာ ဘိုင်ယန်မြူးနစ်ကို မရောက်ခင်က ဖူလ်ဟမ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်ပြီး ၂၀၂၄ နွေရာသီမှာမှ ဘိုင်ယန်မြူးနစ်အသင်းက ယူရို(၅၆)သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ပယ်လ်ဟင်ညာဟာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာနဲ့အတူ ဂျာမန်မြေမှာ ရုန်းကန်ခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ်က ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပြီး စပါးနည်းပြ သောမတ်စ်ဖရန့်ခ်ကလည်း ကွင်းလယ်ခံစစ်ပိုင်းကို အားဖြည့်ဖို့ ဆန္ဒရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပယ်လ်ဟင်ညာဟာ သောမတ်စ်ဖရန့်ခ်လက်ထက် တတိယမြောက်ခေါ်ယူတဲ့ ကစားသမားသစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Most Read

Most Recent