အသက်(၂၉)နှစ်သာ ရှိသေးပေမဲ့ ကစားသမားဘဝက အနားယူဖို့ အယ်လီ စဉ်းစားနေ

အသက်(၂၉)နှစ်သာ ရှိသေးပေမဲ့ ကစားသမားဘဝက အနားယူဖို့ အယ်လီ စဉ်းစားနေ
Photo: X
Photo: X
Published 3 August 2025

ကိုမိုအသင်းက အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအယ်လီဟာ အသက်(၂၉)နှစ်သာ ရှိသေးပေမဲ့ ကစားသမားဘဝက အနားယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

စပါးအသင်းရဲ့ ကစားသမားဟောင်း အယ်လီဟာ ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းကို (၁၈)လစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီကုန်အထိ သက်တမ်းရှိနေပါတယ်။

ဒါပေမဲ့ ပထမဆုံးလူစားဝင်ကစားရတဲ့ပွဲမှာပဲ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ပြီးခဲ့တဲ့တစ်ရာသီလုံး အဲဒီ(၁၀)မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။

ဒါ့အပြင် ကစားသမားဘဝ နောက်ဆုံး(၂)နှစ်ခွဲကာလအတွင်း အဲဒီတစ်ပွဲသာ ကစားခွင့်ရခဲ့ကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကိုမိုနည်းပြ ဖာဘရီဂတ်စ်က ရာသီကြိုကာလ မာဘယ်လာမှာ လေ့ကျင့်မှုပြုလုပ်မယ့် အသင်းရဲ့ လူစာရင်းကနေ အယ်လီကို ချန်လှပ်ခဲ့တာကြောင့် အယ်လီက ကစားသမားဘဝက အနားယူဖို့ စဉ်းစားလာခြင်းဖြစ်ကြောင်း သိရပါတယ်။

အယ်လီဟာ ကြံ့ခိုင်မှုပိုင်း အားနည်းနေတာကြောင့် အင်္ဂလန်အောက်တန်းလိဂ်တွေမှာသာ ကစားနိုင်စွမ်းရှိတော့ကြောင်းလည်း ဗြိတိန်မီဒီယာတချို့က သုံးသပ်ခဲ့ပါတယ်။

Most Read

Most Recent