မကြာခင် သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆလီဘာ ပြောကြား

မကြာခင် သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆလီဘာ ပြောကြား
Photo: X
Photo: X
Published 28 July 2025

အာဆင်နယ်အသင်းရဲ့နောက်ခံလူ ဆလီဘာက မကြာခင် အသင်းနဲ့ သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။  

ပြင်သစ်နောက်ခံလူ ဆလီဘာဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့်  ရီးယဲလ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းက ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆလီဘာကို သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။

ဆလီဘာ(၂၄ နှစ်)ဟာ လက်ရှိအချိန်မှာ တစ်ပတ် ပေါင်(၁၉၀၀၀၀)ရရှိနေပြီး အာဆင်နယ်အသင်းက လစာနှုန်းထားအသစ်နဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့က အာဆင်နယ်ရုပ်သံနဲ့တွေ့ဆုံရာမှာ ဆလီဘာက စာချုပ်သစ်နဲ့ ပတ်သက်ပြီး ''မကြာခင်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဘုရားသခင်က အလွန်ကြီးမြတ်ပါတယ်။ ဒီနှစ် ကျွန်တော်တို့ ဆုဖလားအားလုံးရယူနိုင်ဖို့ ကြိုးစားသွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent