ပြိုကျခဲ့သည့် မန္တလေး Sky villa ကွန်ဒိုမှ ရုပ်အလောင်းများ ထပ်မံတွေ့ရှိိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
မေ၂၀ ရက်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီတွင် Aအဆောင်နှင့် B အဆောင်ကြားမှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
အလားတူ မေ ၁၉ ရက်ကလည်း Sky Villa ကွန်ဒို (C)အဆောင် အခန်းအမှတ်(M2)မှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအားလည်းကောင်း၊ မေ ၁၈ ရက်တွင် B အဆောင် ကားပါကင်မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားလည်းကောင်း ထပ်မံတွေ့ရှိ ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
အင်အားပြင်းငလျင်ကြောင့် မေ ၁၉ ရက်အထိ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၉ ရက်အထိ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦးရှိကြောင်း သိရသည်။















