YBS ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံရသည့် လူငယ်တစ်ဦးကို ခါးပိုက်နှိုက်များက အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွား

YBS ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံရသည့် လူငယ်တစ်ဦးကို ခါးပိုက်နှိုက်များက အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွား
Published 19 May 2025

YBS ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံရသည့် လူငယ်တစ်ဦးကို ခါးပိုက်နှိုက်များက အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေ ၁၉ ရက် နံနက် ၈ နာရီခွဲကျော်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် လူငယ်တစ်ဦး ဒဏ်ရာများရရှိကာ သတိလစ်နေကြောင်း သတင်းရသဖြင့် ကိုပူတူးနှင့် ဘော်ဒါများ ပရဟိတအဖွဲ့က သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“ပတ်ဝန်းကျင်က ပြောကြတာတော့ YBS ကားပေါ်ကနေ ကန်ချခံရပြီး အောက်လည်းရောက်ရော ခါးပိုက်နှိုက်အဖွဲ့က ၀ိုင်းပြီး ကန်ကျောက်ထိုးရိုက်ကြတာလို့ ပြောတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ လူငယ်က ၁၉ နှစ်လောက်ရှိပြီ။ သတိလစ်နေတာ။ သူ့မှာ ဒဏ်ရာရှိမရှိစစ်ဆေးတော့ ညာဖက်ဂျိုစောင်းမှာ ပေါက်ပြဲပြတ်ရှဒဏ်ရာတစ်ခုတွေ့တယ်။ သူ့ကို အရေးပေါ်ကုသမှုတွေပေးပြီး သတိပြန်ရအောင်လုပ်လိုက်ရတယ်” ဟု ကိုပူတူးက ပြောကြားသည်။

ဒဏ်ရာရရှိခဲ့သည့် လူငယ်အမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး လူနာအမျိုးသားမှာ သတိကောင်းစွာရရှိကြောင်း သိရသည်။

Most Read

Most Recent