အမေရိကန်နှင့် တရုတ်တို့က သွင်းကုန် အခွန် အပြန်အလှန်ကောက်ခံနေခြင်းကို ရက်ပေါင်း ၉၀ အထိ ရာခိုင်နှုန်းများပြားစွာ လျှော့ချရန် မေ ၁၂ ရက်တွင် သဘောတူခဲ့ သည်။
ယင်းသို့ သဘောတူညီချက်ရရှိသည့် ရလဒ်ကို သမ္မတဒေါ်နယ်ထရန့်က “အားလုံး ပြန်ချိန်မှု” ဟုအမည်တပ်လိုက်ပြီး မိမိ သည် မကြာမီ တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်ဟု ဆိုသည်။
ထရန့်ကကုန်သွယ်ရေး စစ်ပွဲစတင်ဆင် နွှဲခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် တရုတ်တို့ ပထမဆုံး အကြိမ်ဆွေးနွေးခဲ့ပြီးနောက် နှစ် နိုင်ငံစလုံးက စည်းကြပ်ခွန် ကောက်ခံမှုရာ ခိုင်နှုန်းကို ရာဂဏန်းမှ ဆယ်ဂဏန်းသို့ လျှော့ ချရန် သဘောတူခဲ့ပြီး ဆက်လက်ဆွေးနွေး သွားရန်လည်း သဘောတူခဲ့ကြသည်။
စည်းကြပ်ခွန်ကိစ္စကြောင့် ကသောင်း ကနင်းဖြစ်နေသော စတော့စျေးကွက်များ သည် အမေရိကန်နှင့်တရုတ် သဘောတူညီ ချက်ရပြီဟူသော ကြေညာချက်ထွက်လာချိန် တွင် စတော့ရှယ်ယာစျေးများ ပြန်လည်မြင့် တက်လာခဲ့သည်။
“ဂျီနီဗာမှာ အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ပြီးတဲ့နောက် မနေ့က ကျွန်တော် တို့ဟာ လုံးလုံးပြန်ချိန်ရမယ့်အနေအထား ကို ရရှိခဲ့ပါတယ်။ သမ္မတရှီနဲ့စကားပြောမှာ ဖြစ်ပါတယ်။ ဒီအပတ်အကုန်လောက်မှာဖြစ် လာနိုင်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က တရုတ်ဝန်ကြီးချုပ် ဟဲလီဖန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကိုယ်စား လှယ် လီချန်းဂန်တို့နှင့် ဆွေးနွေးမှုများသည် အကျိုးရှိပြီး ခိုင်မာမှုရှိသည်ဟု ပြောကြားခဲ့ ကာ နှစ်ဘက်စလုံးက မကြာမီ ထပ်မံတွေ့ ဆုံရန် မျှော်လင့်ထားသည်ဟု ဆိုသည်။
တရုတ်သွင်းကုန်အများအပြားအပေါ် ထရန့်၏အခွန်စည်းကြပ်မှုက ယခုနှစ်တွင် ၁၄၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ လွန်ခဲ့သော လတွင် စတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စည်း ကြပ်ခွန်ကောက်ခံမှုစစ်ပွဲကြီးတွင် အခြားနိုင် ငံများကို ကောက်ခံသော ၁၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တရုတ်ကို ကောက်ခံမှုသည် များပြားလွန်းနေသည်။
တရုတ်နိုင်ငံကလည်း အမေရိကန်ကုန် စည်များကို အခွန် ၁၂၅ ရာခိုင်နှုန်းကောက်ခံ ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက တရုတ် ကုန်စည်များအပေါ်ကောက်ခံမှုကို ၃၀ ရာ ခိုင်နှုန်းသို့လျှော့ချပေးရန် သဘောတူခဲ့ပြီး တရုတ်ကလည်း အမေရိကန်ကုန်စည်များ အပေါ် အခွန်ကောက်ခံမှုကို ၁၀ ရာခိုင်နှုန်း သို့လျှော့ချပေးရန် သဘောတူခဲ့သည်။
အမေရိကန်က တရုတ်နိုင်ငံမှ တန်ဖိုး နည်းသွင်းကုန်များကို အခွန်ကောက်ခံမှု လျှော့ချပေးခဲ့သည်။ အမေရိကန်၏အခွန်ကြောင့် Shein နှင့် Temu တို့လို အွန်လိုင်းမှ ပစ္စည်းများရောင်းချသောလုပ်ငန်းများ ထိ ခိုက်ခဲ့သည်။
ထရန့်၏သမ္မတအမိန့်အရ အမေရိကန် စာတိုက်မှ တစ်ဆင့်ပို့ဆောင်သော အရေး မပါသည့် ပစ္စည်းများကို ယင်းတန်ဖိုး၏ ၅၄ ရာခိုင်နှုန်း ကောက်ခံမည်သို့မဟုတ် ဒေါ်လာ ၁၀၀ ပေးချေရန် သတ်မှတ်မည်ဖြစ်သည်။ ယခင်တုန်းက ၁၂၀ ရာခိုင်နှုန်းကောက်မည် ဟု သတ်မှတ်ထားခဲ့သည်။
ပိုကောင်းသောသဘောတူညီချက်ရရှိ ရန်အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံမည်ဟု ဆိုသည်။
Ref;AFP














