ဗီယက်နမ်နှင့် ရုရှားတို့သည် ဗီယက်နမ် တွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ လျင်မြန်စွာတည်ဆောက်ရန် သဘောတူခဲ့သည်ဟု မေ ၁၁ ရက်က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ခေတ်မီနည်းပညာများနှင့် အတူ စက်ရုံများကို နျူကလီးယားနှင့် ရေဒီယို ဓာတ်သတ္တိကြွမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး စည်းကမ်းများနှင့် တည်ဆောက်မည်ဖြစ် ကြောင်း ဗီယက်နမ် ကွန်မြူနစ်ပါတီအတွင်း ရေးမှူးချုပ် တိုလမ်က ရုရှားနိုင်ငံ မော်စကိုမြို့ တော်သို့သွားရောက်ခဲ့ပြီးနောက် ပူးတွဲကြေ ညာချက်ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်သည် ဆယ်စုနှစ်တစ်စုနီးပါးကြာ ရပ်နားထားသည့် နျူကလီးယားဓာတ်အားပေးစက်ရုံများတည် ဆောက်ရေးအစီအစဉ်ကို ပြန်လည်စတင်ခဲ့ ခြင်းသည် ၎င်း၏ လျှင်မြန်စွာမြင့်တက်နေ သည့် စီးပွားရေးကို အထောက်အကူဖြစ်စေရန် စွမ်းအင်ကဏ္ဍကို မြှင့်တင်နေသည့် အားထုတ် ကြိုးပမ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံစုစုပေါင်း၏ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းသည် ၂၀၃၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်ကြား ၆ ဒသမ ၄ ဂဂ္ဂါဝပ်ရှိနိုင်လိမ့်မည်ဟု ဗီယက်နမ်အစိုးရက မျှော်မှန်းထားသည်။
ဗီယက်နမ်သည် နျူကလီးယားစီမံကိန်းများအတွက် ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ အမေရိကန်တို့ နှင့်လည်း ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။
Ref; Reuters
Photo-WNN,GOV.RU














