ဇန်နဝါရီမှ မတ်လအထိ တိုင်းဒေသကြီး ပြည်နယ်များနှင့်  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့တွင်  ယာဉ်တိုက်မှုစုစုပေါင်း ၈၅၆ မှု ဖြစ်ပွားပြီး ၄၅၃ ဦး သေဆုံး

ဇန်နဝါရီမှ မတ်လအထိ တိုင်းဒေသကြီး ပြည်နယ်များနှင့်  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့တွင်  ယာဉ်တိုက်မှုစုစုပေါင်း ၈၅၆ မှု ဖြစ်ပွားပြီး ၄၅၃ ဦး သေဆုံး
Published 29 April 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတို့တွင် ယာဉ်တိုက်မှုစုစုပေါင်း ၈၅၆ မှု ဖြစ်ပွားပြီး ၄၅၃ ဦး သေဆုံး ကာ ၁၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ် ပြန်မှုအရ သိရသည်။ 

အဆိုပါကာလအတွင်း နေပြည်တော် တွင် ယာဉ်တိုက်မှု ၂၆ မှုဖြစ်ပွားခဲ့ပြီး ၂၄ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကချင် ပြည်နယ်တွင် ယာဉ်တိုက်မှု ၁၅ မှု၊ သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၁၂ မှု ဖြစ် ပွားပြီး သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၂ မှု၊ သေဆုံးသူကိုးဦးနှင့် ဒဏ် ရာရရှိသူ ၁၁ ဦးရှိကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၁၅ မှု၊ သေဆုံး သူကိုးဦးနှင့် ဒဏ်ရာရရှိသူ ၂၁ ဦးရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးတွင် ယာဉ် တိုက်မှု ၁၂၅ မှု၊ သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရရှိ သူ ၁၆၆ ဦးရှိခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီး တွင် ယာဉ်တိုက်မှု ၂၈ မှု၊ သေဆုံးသူ ၁၀ ဦး နှင့် ဒဏ်ရာရရှိသူ ၅၁ ဦးရှိကြောင်း၊  မန္တလေး တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၀၂ မှု ဖြစ် ပွားပြီး သေဆုံးသူ ၆၇ ဦး၊ ဒဏ်ရာရရှိသူ ၁၅၃ ဦးရှိ ကြောင်း၊ မွန်ပြည်နယ်တွင် ယာဉ်တိုက်မှု ၇၇ မှု၊ သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၀ ဦးရှိ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာဉ်တိုက်မှု နှစ်မှု၊ သေဆုံးသူနှစ်ဦးရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၁၉၃ မှု၊ သေဆုံးသူ ၈၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၁၂ ဦးရှိကြောင်း၊ ရှမ်းပြည်နယ်တွင် ယာဉ်တိုက်မှု ၇၂ မှု၊ သေ ဆုံးသူ ၅၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၇ ဦးရှိ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ် တိုက်မှု ၁၃၂ မှုဖြစ်ပွားပြီး သေဆုံးသူ ၅၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၂၆ ဦးရှိကြောင်း၊ အမြန်လမ်း တွင် ယာဉ်တိုက်မှု ၄၅ မှု၊ သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၆ ဦးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တိုင်းဒေသကြီး/ပြည်နယ် များ နှင့်  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတို့၌ ယာဉ်တိုက်မှု စုစုပေါင်း ၁၁၀၅ မှု ဖြစ်ပွားပြီး ၅၈၅ ဦး သေဆုံးကာ ၁၅၅၆ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

Most Read

Most Recent