မန္တလေးတိုင်းပုသိမ်ကြီးမြို့အနီး ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲပိုင်းအထိ ငလျင်သုံးကြိမ်လှုပ်ခတ်

မန္တလေးတိုင်းပုသိမ်ကြီးမြို့အနီး ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲပိုင်းအထိ ငလျင်သုံးကြိမ်လှုပ်ခတ်
Published 17 April 2025

မန္တလေးတိုင်းပုသိမ်ကြီးမြို့အနီး ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလက ထုတ်ပြန်သည်။

နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ၄ ဒသမ ၆ ရစ်(ခ်)တာစကေးရှိ ငလျင်မှာ အနက် ၁၁ ကီလိုမီတာတွင် ပုသိမ်ကြီးမြို့၏ တောင်-အနောက်တောင်ဘက် (၂) မိုင်ခန့်အကွာကိုဗဟိုပြု လှုပ်ခတ်ခဲ့သည်။

" ဒီနေ့ငလျင်က တော်တော်ကြမ်းတယ်။ ဒုန်းဒုန်းဆိုပြီး လှုပ်သွားတာ။ တော်တော်လေးလည်း လန့်နေပြီ" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

နှစ်ဆန်းတစ်ရက်နေ့ နံနက်အစောပိုင်းတွင်လည်း ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး နံနက် ၅ နာရီခန့်တွင် လယ်ဝေးမြို့၏ အနောက်မြောက်ဘက် (၈)မိုင်ခန့်အကွာကို ဗဟိုပြုကာ အနက် ၁၀ ကီလိုမီတာတွင် ၃ ဒသမ ၂ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့သည်။

အလားတူ နံနက် ၄ နာရီ ၆ မိနစ်တွင် ရေတာရှည်မြို့အနီး အနက် ၁၀ ကီလိုမီတာတွင် ရစ်ချ်တာစကေး ၃ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီးတွင် နှစ်ဆနိးတစ်ရက် မွန်းလွဲပိုင်းအထိ နောက်ဆက်တွဲငလျင် အကြိမ် ၁၄၀ အထိ လှုပ်ခတ်ထားသည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

Most Read

Most Recent