အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ လူကိုးဦး ဒဏ်ရာရ

အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ လူကိုးဦး ဒဏ်ရာရ
Published 20 March 2025

အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ လူကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၀ ရက် နံနက် ၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၄၆/၀) ဖာလုံအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါမိုင်တိုင်အရောက်တွင် YUTONG အမျိုးစား၊ ဖြူဝါနီရောင် Express ခရီးသည်တင်ယာဉ်ကို မောင်းနှင်လာသည့် ယာဉ်မောင်းမှာအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောကြားသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂၆ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် EMS 192 လူနာတင်ယာဉ်ဖြင့်၊ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

အခင်းဖြစ်နေရာသို့ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စကားအင်းအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent