ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား
Published 14 March 2025

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု မတ် ၁၃ ရက် ညနေ ၆ နာရီ မိနစ် ၅၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/၃) ဖာလုံကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးအစား အပြာရောင် Express ခရီးသည်တင်ယာဉ်တစ်စီးသည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်တွင် တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာသို့ ဖြူးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် ၅ ဦး၊ ဖြူးအမြန်လမ်းရဲစခန်းမှ ၉ ဦးနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါ အမျိုးသား ၇ ဦး အမျိုးသမီး ၅ ဦး၊ ကလေးယောက်ျားလေး ၁ ဦး၊ စုစုပေါင်း ၁၃ ဦးအနက် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး၊ ကလေးယောက်ျားလေး ၁ ဦး စုစုပေါင်း ၁၀ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ကြက်ခြေနီအသင်းပိုင်လူနာတင်ယာဉ် EMS 192 လူနာတင်ယာဉ်များဖြင့် ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီးပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent