ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာတွင် MNDAA ၏ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်မှုအပေါ် ကန့်ကွက်ခဲ့သည့် ဒေသခံများကို MNDAA က ပစ်ခတ်ခဲ့သဖြင့် ဒေသခံလေးဦးနှင့် KIA အဖွဲ့ဝင်နှစ်ဦး သေဆုံးဟုဆို

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာတွင် MNDAA ၏ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်မှုအပေါ် ကန့်ကွက်ခဲ့သည့် ဒေသခံများကို MNDAA က ပစ်ခတ်ခဲ့သဖြင့် ဒေသခံလေးဦးနှင့် KIA အဖွဲ့ဝင်နှစ်ဦး သေဆုံးဟုဆို
Published 6 March 2025

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာရှိ ​​MNDAA ၏ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်မှုအပေါ် မတ် ၅ ရက်က ကန့်ကွက်ခဲ့သည့် ဒေသခံ​​လေးဦးနှင့် KIA အဖွဲ့ဝင်နှစ်ဦး MNDAA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ဟု ဒေသတွင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။

အဆိုပါ ရွှေတူးဖော်နေမှုကို MNDAA က ဒေသခံတွေရဲ့ သဘောတူညီမှုမရပဲ ခွင့်ပြုထားခြင်းဖြစ်ပြီး လယ်ယာမြေလုပ်ကွက်များကို ထိခိုက်လာသည့်အတွက် ဒေသခံများကက ရွှေတူးဖော်မှုကို ကန့်ကွက်ရာတွင် အငြင်းပွားကာ ကိုးကန့်စစ်သားများ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ​​ဒေသတွင်း မီဒီယာများက ဖော်ပြမှုအရ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ခြောက်ဦးထက်မနည်းရှိပြီး သေဆုံးသူ KIA တပ်ဖွဲ့ဝင်နှစ်ဦးသည် မုံးစီးဒေသခံများပင်ဖြစ်ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်တွင် လက်ရှိကာလ၌ ကွတ်ခိုင်မြို့ပေါ်ဒေသကို TNLA က ထိန်းချုပ်ထားပြီး တာမိုးညဲမြို့နယ်ခွဲနှင့် မုံးစီးဒေသများကိုMNDAA က ထိန်းချုပ်ထားကြောင်း သိရသည်။

ထို့ပြင် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာဒေသကို KIA အဖွဲ့ကထိန်းချုပ်ထားကာ ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်အဖွဲ့များ ထိန်းချုပ်​​ဒေသများ၏ ဆက်စပ် ဧရိယာများတွင် MNDAA နှင့် KIA အကြား၊ TNLA နှင့် KIA အကြား အငြင်းပွားမှုများ ဖြစ်​​ပေါ်ထားသည်။

Most Read

Most Recent