ပုသိမ်ကြီးမြို့နယ်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှုးရုံးအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ပုသိမ်ကြီးမြို့နယ်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှုးရုံးအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
Published 18 February 2025

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှုးရုံးတွင်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးမှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ် တဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တဲကုန်းကျေးရွာ ရာအိမ်မှူး ဦးပြည့်ဖြိုးဆွေနှင့်ဦးမျိုးမြင့်တို့သည် စကားထိုင်ပြောနေစဉ် အမည်မသိအမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းတိုင်မည်ဟုပြောဆိုကာ ရုံးအတွင်းဝင်ရောက်လာပြီး အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါသေနတ်ဖြင့်ပစ်ခတ်မှုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအားပစ်ခတ်ခြင်းဖြစ်သည်ဟုသိရပြီး အနီးရှိ   ဦးမျိုးမြင့်အားထိမှန်သွားခြင်းဖြစ်ကာ နို့အုံဖောက်ဝင်ဒဏ်ရာ၊ ညာဘက်ညှက်ရိုးဖောက်ဝင်ဒဏ်ရာ ၊ ညာဘက်ကျောဖောက်ဝင်ဒဏ်ရာ၊ ညာဘက်လက်မစုတ်ပြဲးဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်ဟု စုံစမ်းသိရသည်။

Most Read

Most Recent