၂၀၂၄ ခုနှစ်သည် ဂျာနယ်လစ် သေဆုံးမှုအများဆုံးနှစ်ဖြစ်ကြောင်း CPJ ထုတ်ပြန်

၂၀၂၄ ခုနှစ်သည် ဂျာနယ်လစ် သေဆုံးမှုအများဆုံးနှစ်ဖြစ်ကြောင်း CPJ ထုတ်ပြန်
၂၀၂၁ ခုနှစ် မေ ၁၅ ရက်က ဂါဇာဒေသအတွင်းရှိ ပါလက်စတိုင်းဂျာနယ်လစ်များကို တွေ့ရစဉ်(Photo: AFP)
၂၀၂၁ ခုနှစ် မေ ၁၅ ရက်က ဂါဇာဒေသအတွင်းရှိ ပါလက်စတိုင်းဂျာနယ်လစ်များကို တွေ့ရစဉ်(Photo: AFP)
Published 13 February 2025

၂၀၂၄ ခုနှစ်တွင် အသတ်ခံရသောဂျာနယ်လစ် ၁၂၄ ဦး ရှိခြင်းနှင့်အတူ လတ်တလော သမိုင်းတစ်လျှောက် ဂျာနယ်လစ်သေဆုံးမှုအများဆုံးဖြစ်ကာ သေဆုံးသူစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် အစ္စရေးကြောင့် ဖြစ်ကြောင်း ဂျာနယ်လစ်များကာကွယ်ရေးကော်မတီ(CPJ)က ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တွင် သေဆုံးသော ဂျာနယ်လစ်အရေအတွက်သည် ၂၀၂၃ ခုနှစ်က သေဆုံးသူဦးရေထက် ၂၂ ရခိုင်နှုန်းပိုမိုမြင့်တက်လာကာ ယင်းသည် နိုင်ငံတကာပဋိပက္ခ၊နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုနှင့် ကမ္ဘာတစ်ဝန်းရာ ဇဝတ်မှုများ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း CPJ က ဆိုသည်။

CPJ က စစ်တမ်းစတင်ကောက်ယူသည့် လွန်ခဲ့သောနှစ် ၃၀ ကျော်နောက်ပိုင်း ဂျာနယ်လစ်များနှင့် မီဒီယာဝန်ထမ်းများ သေဆုံးမှုနှုန်းအမြင့်ဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ကာ နိုင်ငံ ၁၈ နိုင်ငံတွင် ဂျာနယ်လစ်များ အသတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် သေဆုံးသူဂျာနယ်လစ် ၈၅ ဦးရှိပြီး ၎င်းတို့အားလုံးမှာ အစ္စရေးစစ်တပ်၏ လက်ချက်ဖြင့်သေဆုံးခဲ့ရခြင်းဖြစ်ကာ ၎င်းတို့ထဲမှ ၈၂ ဦးသည်ပါလက် စတိုင်းဂျာနယ်လစ်များဖြစ်သည်ဟု CPJ က ပြောကြားခဲ့သည်။

ဆူဒန်နှင့် ပါကစ္စတန်တို့က ဂျာနယ်လစ်နှင့် မီဒီယာဝန်ထမ်းများ အသတ်ခံရသည့်ဒု တိယအများဆုံးနိုင်ငံများဖြစ်ပြီး ယင်းနိုင်ငံများတွင် သေဆုံးသူ ဂျာနယ်လစ်ခြောက်ဦးစီ ရှိသည်။ဂျာနယ်လစ်များအတွက် အန္တရာယ် အများဆုံးနိုင်ငံများတွင်အပါအဝင်ဖြစ်သည့် မက္ကဆီကိုနိုင်ငံတွင် အသတ်ခံရသောဂျာနယ်လစ်ငါးဦးရှိကြောင်း CPJ ကဆိုသည်။

ဟေတီတွင် အသတ်ခံရသော ဂျာနယ်လစ်နှစ်ဦးရှိကာ အကြမ်းဖက်မှုများကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး နိုင်ငံရေးမတည်ငြိမ်မှုများသည် အဓိကရုဏ်းများကိုဖန်တီးလျက်ရှိကာ ယခုအခါလူဆိုးဂိုဏ်းများသည် ဂျာနယ်လစ်များကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်ဟု CPJ ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

အခြားဂျာနယ်လစ်သေဆုံးမှုများရှိသော နိုင်ငံများမှာ မြန်မာ၊ မိုဇမ်ဘစ်၊အိန္ဒိယနှင့် အီရတ်နိုင်ငံတို့တွင်ဖြစ်သည်။

“ဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲက ဂျာနယ်လစ်တွေအပေါ် မကြုံစဖူးသက်ရောက်မှုရှိနေပြီး ဂျာနယ်လစ်တွေကို ကာကွယ်ပေးတဲ့ကမ္ဘာစံနှုန်းတွေက ဆိုးဆိုးရွားရွားယိုယွင်းနေတယ်ဆိုတာ ပြသနေပါတယ်”ဟု CPJ ၏ စီအီးအို ဂျိုဒီဂင်းစ်ဘာ့ဂျ်က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ပို၍ဆိုးရွားနိုင်မည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၏ ပထမဆုံးသီတင်းပတ်ခြောက်ပတ်အတွင်း အသတ်ခံရသောဂျာနယ်လစ်ခြောက်ဦးရှိကြောင်း CPJ က ထုတ်ပြန်ထားသည်။၂၀၂၄ ခုနှစ်၏ နောက်ဆုံး လတွင် အကျဉ်းချခံရသော ဂျာနယ်လစ် ၃၆၀ ကျော် ရှိကြောင်း CPJ က လွန်ခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။

“သတင်းအချက်လွတ်လပ်စွာ မျှဝေမှု၊ လွတ်လပ်စွာ လူစုဝေးမှု၊ လွတ်လွတ်လပ်လပ်သွားလာခွင့်ရရှိမှု ဒါမှမဟုတ် ဆန္ဒပြမှုတွေစတဲ့ အခြားလွတ်လပ်ခွင့်တွေကို မတိုက်ခိုက်ခင်အရင်ဆုံးဂျာနယ်လစ်တွေကို တိုက် ခိုက်တာနဲ့အရင်စတင်ပါတယ်”ဟု ဂင်းစ်ဘာ့ဂျ်က ပြောကြားခဲ့သည်။

တရုတ်၊ အစ္စရေးနှင့် မြန်မာနိုင်ငံတို့တွင် အကျဉ်းချခံရသော ဂျာနယ်လစ်အရေအတွက်သည် အယောက် ၅၀၊ ၄၃ ယောက်နဲ့ ၃၅ ဦး အသီးသီးဖြစ်ကာ ၎င်းတို့၏အလုပ်ကြောင့် အကျဉ်းချခံရသော နောက်ထပ်စံချိန် တင်နှစ်အတွက် အဆိုးဆုံးနိုင်ငံသုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။         

Ref: AFP

Most Read

Most Recent