USAID ၏ မီဒီယာများကို ငွေပေးချေမှုများသည် သမိုင်းတွင် အကြီးမားဆုံး အရှုပ်တော်ပုံဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
USAID တွင် ဒီမိုကရက်များ၏ ကောင်းသတင်းများကိုဖော်ပြရန်အတွက်မီဒီယာများကို ငွေကြေးပေးချေရန် ဒေါ်လာဘီလျံချီ ခိုးယူခံခဲ့ရသည်ဟု ထရန့်ကပြောသည်။
အိမ်ဖြူတော်ကလည်း ၎င်းသည် Politico မီဒီယာကုမ္ပဏီကို ထောက်ပံ့မှုအား ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။
ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သည် အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဖြစ်သည့် USAID ကို ထရန့်၏ အမေရိကန်ပထမမူဝါဒနှင့် ကိုက်ညီမှုရှိစေရန်အတွက် ဒေါ်လာဘီလျံချီရှိသည့် ပြည်ပကူညီထောက်ပံ့မှုအားလုံးနီးပါးကို ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အမေရိကန် အခွန်ထမ်းပြည်သူများ၏ အခွန်များသည် Politico နှင့် အခြားမီဒီယာကုမ္ပဏီများအတွက် အစိုးရ၏ ထောက်ပံ့ကြေးပေးမှုတွင် အသုံးပြုခံခဲ့ရကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်း လက်ဗစ်က ပြောကြားခဲ့ပြီးနောက် ထရန့်က Truth Social လူမှုမီဒီယာတွင် "သမိုင်းတွင် အကြီးမားဆုံး အရှုပ်တော်ပုံ" ဟု ဖေဖော်ဝါရီ ၆ ရက်က ရေးသားခဲ့သည်။
အမေရိကန်အစိုးရအေဂျင်စီများသည် Politico Pro တွင် အခကြေးငွေပေးပြီး သတင်းများကိုဖတ်ရှုရန်အတွက် နှစ်စဉ် ဒေါ်လာ ၁၀၀၀၀ အထိ အသုံးပြုခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။















