မြိတ်မြို့တွင် အိမ်ခြံမြေများကို ဝယ်ယူသူထက် ရောင်းချသူ ပိုမိုများပြားနေကြောင်းသိရ

မြိတ်မြို့တွင် အိမ်ခြံမြေများကို ဝယ်ယူသူထက် ရောင်းချသူ ပိုမိုများပြားနေကြောင်းသိရ
Published 4 February 2025

မြိတ်မြို့တွင် အိမ်ခြံမြေများကို ဝယ်ယူ သူထက် ရောင်းချသူက ပိုမိုများပြားနေကြောင်း အကျိုးဆောင်များထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အိမ်ခြံမြေများ ရောင်းချမှုမှာ ပြီးခဲ့သည့်နှစ်ကုန် ပိုင်းမှစတင်ကာ ရောင်းချသူ ပိုမိုများပြားလာ ခြင်းဖြစ်သည်။

ဝယ်တာထက် ငှားတာက ပိုများနေတယ်။ နိုင်ငံရေး အခြေအနေ နယ်မြေမအေးချမ်းတာ တွေကြောင့် မြို့ပေါ်မှာ အိမ်ငှားတာတွေ ပိုများ လာပေမဲ့ ဝယ်ယူတဲ့စျေးကွက်က ငြိမ်နေတယ်။ အိမ်ရောင်းမယ်၊ မြေရောင်းမယ်ဆိုတဲ့ အလုပ် လာအပ်တာများနေတယ်။ ဝယ်လက်တွေက လည်း လက်ရှိအနေထားအရ မြို့စွန်ဘက်မှာ လောက်ပဲ ဝယ်တာနည်းနည်းရှိတယ်။ မြေစျေး ကောင်းတဲ့ မြို့တွင်းဘက်က အဝယ်မရှိသ လောက်ပါပဲ ဟု မြိတ်မြို့မှ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောကြားသည်။

လူနေအိမ်များအပြင် လယ်ယာနှင့် ဥယျာဉ်ခြံမြေများကို ရောင်းချရန် ကြော်ငြာအ များအပြားကို တွေ့နေရကြောင်း သိရသည်။

လွန်ခဲ့သော သုံးနှစ်ကျော်ကာလမှစတင် ကာ အလုပ်အကိုင်အဆင်မပြေမှုများ၊ တရိပ် ရိပ်တက်လာသည့် ကုန်စျေးနှုန်းများကြောင့် ငွေကြေးလိုအပ်ချက်များ ရှိလာသောကြောင့် နေအိမ်၊ ဥယျာဉ်ခြံများကို ရောင်းချရန်အတွက် ပ ိုင်ရှင်ကိုယ်တိုင်တိုက်ရိုက်ရောင်းချခြင်း၊ အ ချို့က အိမ်ခြံမြေအကျိုးဆောင်များထံ ဆက် သွယ်ဆောင်ရွက်နေရကြောင်း သိရသည်။

မြို့တွင်းက စီးပွားရေး အချက်အချာ ကျတဲ့နေရာတွေမှာ သိန်းပေါင်းသောင်းချီတန် တဲ့နေရာတွေက အလုပ်မဖြစ်တော့ဘူး။ မြို့စွန် နည်းနည်းကျတဲ့နေရာတွေက သိန်းရာချီတန် တဲ့နေရာတွေတော့ အနည်းငယ်အရောင်းအ ဝယ်ရှိတယ်။ ဥယျာဉ်ကိုစိတ်ပြီး ရောင်းချတာ တွေမျိုးပါ။ ရောင်းတဲ့သူက မြို့တွင်းရော မြို့ ပြင်ဘက်မှာပါ ပိုများနေတယ် ဟု  ဒေသခံတစ် ဦးက ပြောကြားသည်။

ငွေကြေးလိုအပ်ချက်များရှိလာသည့်အ တွက်ကြောင့် မိမိတို့ပိုင်ဆိုင်သည့် လူနေအိမ် နှင့် တိုက်ခန်းများကို ရောင်းချခြင်း၊ တချို့က လည်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဥယျာဉ်ခြံ မြေများကို အစိတ်အပိုင်းလိုက်ရောင်းချခြင်း၊ ဧကအလိုက်ရောင်းချခြင်းများရှိသလို ရင်းနှီး မြှုပ်နှံရန်အတွက် နှစ်အိမ်ရှိသူများက တစ်အိမ် ရောင်းချကာ လုပ်ငန်းမပျက်အောင် တောင့် ခံနေရသည့်အနေအထားဖြစ်နေကြောင်း သိ ရသည်။

ဇော်မိုးဦး (မြိတ်)

Most Read

Most Recent