ထိုင်ဝမ်နှင့် တရုတ် ဆွေးနွေးရန်လိုအပ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

ထိုင်ဝမ်နှင့် တရုတ် ဆွေးနွေးရန်လိုအပ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား
ဇန်နဝါရီ ၁ ရက်က တိုင်ပေမြို့တော်ရှိ သမ္မတရုံးတွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားနေသည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်ကိုတွေ့ရစဉ်(Photo: AFP)
ဇန်နဝါရီ ၁ ရက်က တိုင်ပေမြို့တော်ရှိ သမ္မတရုံးတွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားနေသည့် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်ကိုတွေ့ရစဉ်(Photo: AFP)
Published 3 February 2025

ထိုင်ဝမ်နှင့် တရုတ်အကြား ငြိမ်းချမ်းရေးရရှိရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် လိုအပ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က ဖေဖော်ဝါရီ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်က ခွဲထွက်ဝါဒီတစ်ဦးအဖြစ် ရှုမြင်ခံထားရသည့် လိုင်သည် တရုတ်နှင့်ဆွေးနွေးမှုများပြုလုပ်ရန် ထပ်တလဲလဲပြောကြားခဲ့ပြီး တရုတ်ကမူ ထိုင်ဝမ်ကို၎င်းင်း၏နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားကာ ထိုင်ဝမ်အပေါ် စစ်ရေးနှင့် စီးပွားရေးဖိအားများ တိုးမြှင့်ခဲ့သည်။

လက်ရှိတွင် ထိုင်ဝမ်နှင့် တရုတ်သည် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်အစိုး ရအဖွဲ့သစ်အောက်တွင် ဖိအားများနှင့် ရင် ဆိုင်နေရသည်။

ထရန့်သည် တရုတ်၏ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံကြောင်းကြေညာခဲ့ပြီး ထိုင်ဝမ်ကလွှမ်းမိုးထားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်သွင်းမှုကို ဆန့်ကျင်သည့် အစီအစဉ်များလည်း လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည့် ထိုင်ဝမ်စီးပွားရေးအသိုင်းအဝိုင်း၏ အဖွဲ့ဝင်များနှင့် တိုင်ပေတွင်တွေ့ဆုံချိန်၌ လိုင်က ထိုင်ဝမ်နှင့် တရုတ်၏ ဘုံရန်သူများမှာ သဘာဝဘေးအန္တရာယ်များဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ ဘုံရည်မှန်းချက်သည် ထိုင်ဝမ်ရေလက်ကြားတစ်ဖက်တစ်ချက်တွင် နေထိုင်သူများ၏ ကောင်းကျိုးချမ်းသာရရှိရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ အရေးကိစ္စများတွင် အပြောင်းအလဲများရှိနေချိန်၌ ငြိမ်းချမ်းရေးရရှိစေရန် ကောင်းမွန် သည့်ဆွေးနွေးမှုများ၊ ထိတွေ့ဖလှယ်မှုများပြုလုပ်ရန်လိုအပ်ကြောင်း လိုင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နှင့် ထိပ်တိုက်တွေ့ခြင်းထက် သာတူညီမျှမှုရှိပြီး ကြိုတင်သတ်မှတ်ချက်များမပါသည့် ဆွေးနွေးမှုများကို ကြိုဆိုကြောင်းလိုင်က ပြောကြားခဲ့သည်။

သို့သော် ထိုင်ဝမ်ကျွန်း၏ အနာဂတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်နိုင်သည်ဟုလည်း လိုင်က ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်၏ ထိုင်ဝမ်ရေးရာရုံးကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။

တရုတ်ကမူ ထိုင်ဝမ်ရေလက်ကြား၏ တစ်ဖက်တစ်ချက်တွင်ရှိသည့် နှစ်ဖက်စလုံးသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒ၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လိုင်ကမူ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အာရုံမလွဲသင့်ကြောင်း ထိုင်ဝမ်သည် မိမိ၏ကာကွယ်ရေးကဏ္ဍကို တိုးမြှင့်ပြီး ငြိမ်းချမ်းရေးကိုရည်မှန်းသင့်ကြောင်းနှင့် အခြားဒီမိုကရေစီနိုင်ငံများနှင့် ရင်ဘောင်တန်း ရပ် တည်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း လိုင်က တရုတ်၏ ဖိအားများကို ဦးညွှတ်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် ပထမဆုံးလဖြစ်သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း  ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် လိုင်ကထိုင်ဝမ်ကို သိမ်းပိုက်ရေးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အမျိုးသားရေးမူဝါဒတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

စစ်အင်အားအပြင် သူတို့တွေဟာ ထိုင်ဝမ်ကို အညံ့ခံစေဖို့အတွက် အင်အားသုံးကြိုးပမ်းဖို့ ပုံမှန်မဟုတ်တဲ့ အကျပ်ကိုင်တဲ့ နည်းလမ်းတွေကို ပိုပြီး အသုံးပြုလာပါတယ်ဟု ၎င်းင်းက ပြောကြားခဲ့သည်။     

Ref: Reuters

Most Read

Most Recent