Meta  ကုမ္ပဏီက ၎င်းအား စွဲချက်တင်ထားသည့် ဒေါ်နယ်ထရန့်ကို ဒေါ်လာ ၂၅ သန်းပေးရန် သဘောတူပြီး အမှုကို ကျေအေး

Meta  ကုမ္ပဏီက ၎င်းအား စွဲချက်တင်ထားသည့် ဒေါ်နယ်ထရန့်ကို ဒေါ်လာ ၂၅ သန်းပေးရန် သဘောတူပြီး အမှုကို ကျေအေး
Published 31 January 2025

Meta ကုမ္ပဏီက ၎င်းအား စွဲချက်တင်ထားသည့် ဒေါ်နယ်ထရန့်ကို ဒေါ်လာ ၂၅ သန်းပေးရန် သဘောတူပြီး အမှုကို ကျေအေးခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ထရန့်အား ထောက်ခံသူများသည် လွှတ်တော်အား ဝင်ရောက် စီးနင်းခဲ့ပြီးနောက် Meta ကုမ္ပဏီက ထရန့်၏ လူမှုမီဒီယာအကောင့်များကို ပိတ်ပင်ခဲ့ပြီးနောက် ထရန့်က Meta ကုမ္ပဏီကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်သည် ဝေဖန်သူများနှင့် ပြိုင်ဘက်များကို ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အမေရိကန်သမ္မတနှင့် အမှုအခင်း ဖြစ်ပွားမှုကို ကျေအေးသည့် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး Meta နှင့် ၎င်း၏ စီအီး အိုဖြစ်သည့် မာ့ဇူကာဘာ့ချ်သည် ထရန့်အစိုးရ အဖွဲ့သစ်နှင့် အဆင်ပြေစွာ ဆက်ဆံရန် ကြိုးပမ်းနေသည့် နည်းပးညာ ကုမ္ပဏီများထဲတွင် ပါဝင်နေချိန်တွင် ထရန့်နှင့်ဖြစ်ပွားနေသည့် အမှုကို ကျေအေးခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းအရာနှင့် နီးစပ်သည့် အမည်မဖော်လိုသည့် လူပုဂ္ဂိုလ်များက သဘောတူညီချက်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၉ ရက်က ဆွေးနွေးခဲ့သည်။

ထိုလူပုဂ္ဂိုလ်များအနက် နှစ်ဦးက သဘောတူညီချက်၏ သတ်မှတ်ချက်များအတွင်း ဒေါ်လာ ၂၂ သန်းကို ထရန့်ဒ အနာဂတ် သမ္မတစာကြည့်တိုက် ဖြစ်လာမည့် အကျိုးအမြတ်မယူသည့် အဖွဲ့တစ်ဖွဲ့ကို ပေးရမည့် အ ချက်ဝင်သည်ဟု ဆိုသည်။ လက်ကျန်ငွေများသည် တရားရင်ဆိုင်ရာ၌ ကုန်ကျသည့် တရားစရိတ်များနှင့် အခြား အမှုသည်များကို ပေးရမည်ဖြစ်ကြောင်း ထိုလူပုဂ္ဂိုလ်နှစ်ဦးက ပြောကြားခဲ့သည်။

ထိုအမှုကျေအေးမှု သတင်းကို Wall Street Journal သတင်းစာက ပထမဆုံးဖော်ပြခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဇူကာဘာ့ချ်သည် ထရန့်နှင့် ငြိမ်းချမ်းရေးယူရန် ထရန့်၏ ဖလော်ရီဒါ ဂေါက်ကွင်းသို့ သွားရောက်ခဲ့ပြီး နည်းပညာ၊ စီးပွားရေးနှင့် အစိုးရအရာရှိများအပါအဝင် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ညစာစားပွဲတွင် ထရန့်က ၎င်းတရားစွဲဆိုထားသည့် အမှုအခင်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကာ ထိုအမှုကို အဖြေရှာရန် ကြိးပမ်းမည်ဟု ပြောကြားခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုများကို နှစ်လကြာ ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထို့ပြင် Meta ကုမ္ပဏီသည် ထရန့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲဆိုင်ရာ ကော်မတီကိုလည်း ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး ဇူကာဘက်သည် ဇန်နဝါရီ ၂၀ ရက်က ထရန့်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားအတွင်း အဓိကကျသည့် ထိုင်ခုံနေရာများတွင် ထိုင်ခွင့်ရခဲ့သည့် အနည်းငယ်သော ဘီလျံနာများထဲတွင် ပါဝင်ခဲ့သည်။

ဇူကာဘက်အပြင် Google ကုမ္ပဏီ၏ စီအီးအို ဆန်ဒါပီချိုင်း၊ Amazon ကုမ္ပဏီ၏ စီအီးအို ဂျက်ဖ်ဘီးဇော့၊ X လူမှုမီဒီယာပိုင်ရှင် အီလွန်မာ့စ်တို့သည်လည်း အဓိက ထိုင်ခုံနေရာများတွင် ထိုင်ခွင့်ရခဲ့သည်။

ထရန့်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်မီ Meta ကုမ္ပဏီသည် ထရန့်နှင့် ၎င်း၏ မဟာမိတ်များ၏ ကာလကြာရှည် ဦးစားပေး တောင်းဆိုချက်ဖြစ်သည့် အချက်အလက်စိစစ်မှု စနစ်ကိုဖျက်သိမ်းကြောင်းကို ကြေညာခဲ့သည်။

ထရန့်သည် ၎င်း၏ ပထမသက်တမ်းအပြီး လအနည်းငယ်အတွင်း Meta ကုမ္ပဏီကို တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး လူမှုမိဒီယာ ကုမ္ပဏီများသည် အမေရိကန် ပြည်သူများကို တရားမဝင် အရှက်မရှိ ဆင်ဆာဖြတ်တောက်နေ ကြောင်း ပြောကြားခဲ့သည်။

Ref:AP

                            

Most Read

Most Recent