■ သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ တံတားငယ် တစ်စင်းကို မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရ

■ သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ တံတားငယ် တစ်စင်းကို မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရ
Photo: SBM, PAN
Photo: SBM, PAN
Published 30 January 2025
 ဘိုဘိုမြင့်

သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းအား မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိကာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခွဲ ခန့်က သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီး ရန်ကုန် - မော်လ မြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်း အား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦး က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုင်းပေါက်ကွဲမှု ကြောင့် သေဆုံးခဲ့သူမှာက ညာဘက်လက် ကောက် ဝတ်ပြတ်ဒဏ်ရာ၊ ဦးခေါင်းနဲ့ မျက်နှာ မှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီးတော့ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ တယ် လို့ သိရပါတယ်” ဟု ပြောကြားသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တခြားအမျိုးသားနှစ်ဦးမှာလည်း ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားကြကြောင်းကို မျက်မြင်တွေ့ရရှိခဲ့သူများ ပြောကြားချက်များအရ သိရကြောင်း ၎င်း ဒေသခံက ဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်ကလည်း သထုံမြို့နယ် ကော့ သန်ကျေးရွာရှိ ပွဲခင်းတစ်ခု၌ ဆိုင်ကယ်အပ်နှံ ရေး နေရာတွင် လက်လုပ်မိုင်းပေါက်ကွဲမှု ကြောင့် အနီးရှိ အရပ်သားပြည်သူ နှစ်ဦးထိ ခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နှင့် ၎င်းင်းတို့အား သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေယ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ရန်ကုန် - မော်လမြိုင်ကားလမ်းမ သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ကား လမ်းပေါ်ရှိ တံတားကြီးငယ် လေးစင်းထက် မနည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခံခဲ့ရ ကြောင်း နှင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက် နံနက် ၄ နာရီခွဲအချိန်ခန့်ကအဆိုပါ ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ် တံတားအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA, PDF ပူးပေါင်းတပ်ဖွဲ့က မိုင်း ခွဲဖျက်ဆီးခဲ့ကြောင်း ယင်းတပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားချက်များအရ သိရ သည်။                    

 

Most Read

Most Recent