ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)၏ အဓိကအရှေ့ဘက်ပိုင်းမြို့တစ်မြို့ကို ရာဝမ်ဒါကျောထောက်နောက်ခံပြုတိုက်ခိုက်ရေးသမားများ ဝင်ရောက်လာခဲ့ပြီးနောက် ဒေါသထွက်နေသောဆန္ဒပြသူများက အနောက်နိုင်ငံသံရုံးများကို တိုက်ခိုက်လာနိုင်သောကြောင့် အမေရိကန်အစိုးရက အရေးပေါ်ဝန်ထမ်းမဟုတ်သူများကိုလည်း ဒီအာကွန်ဂိုမှ ထွက်ခွာရန် ဇန်နဝါရီ ၂၉ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ဆန္ဒပြမှုများနှင့်လုံခြုံ ရေးအခြေအနေမတည်ငြိမ်မှုများကြောင့် အရေးပေါ်အဖွဲ့မဟုတ်သော အမေရိကန် အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်အားလုံးဒီအာကွန်ဂိုမှထွက်ခွာရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အမေရိကန်နိုင်ငံသားများအနေဖြင့် ဒီအာ ကွန်ဂိုကို ခရီးသွားလာခြင်းမပြုရန် ထပ်မံအကြံပေးထားသည်။
ဇန်နဝါရီ ၂၉ ရက်အစောပိုင်းက ကင်ရှာဆာမြို့တော်ရှိ အမေရိကန်အစိုးရ အဆောက်အအုံများအနီးတွင်အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့်အစောပိုင်းရက်များတွင်လည်း အခြားနိုင်ငံတကာသံရုံးများအနီးတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref: AFP















