ကျောက်ပန်းတောင်း- မိတ္ထီလာကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်တစ်စီး မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ မိုင်တိုင်အမှတ်(၄၁/၀)တွင် HYUNDAI CITY BUS ခရီးသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လက်ပံပျားနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ခဲ့သည့် မော်တော်ယာဉ်မှာ နေပြည်တော်နှင့် ချောက်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်ဖြစ်ပြီး ခရီးသည် ၃၀ ခန့်ပါရှိကြောင်း သိရသည်။















