■ NSPNC နှင့် တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးကိစ္စ တစ်လုံးတစ်ပါဒမျှ ပြောကြားခဲ့ခြင်းမရှိဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ရှင်းလင်း
■ ပုဒ်မ ၂၆၁ အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောတူညီချက် ၄၀ ကျော် ရရှိခဲ့ဟုဆို
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ် ယူရေးကိစ္စ တစ်လုံးတစ်ပါဒမျှ ပြောကြားခဲ့ ခြင်းမရှိဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်က ပြုလုပ် ခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မ တီ (NSPNC) နှင့် နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း ပြည်သူ့ စစ်မှုထမ်းဥပဒေအရ အရေအတွက် တိုးမြှင့် ခေါ်ယူရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။
“အာမခံနိုင်တာကတော့ ကျွန်တော်မပြောဘူး။ တစ်လုံးတစ်ပါဒမှ မပြောဘူး။ ပြောခဲ့တာက လက်ရှိမြေပြင်ပေါ်မှာ ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့အခက်အခဲကို ပြောခဲ့တာ။ ကျွန်တော့်ဓာတ်ပုံနဲ့ ဒီသတင်းနဲ့ တက်လာတော့ တကယ် ကျွန်တော်ပြောခဲ့တာနဲ့က ၁၈၀ ဒီဂရီပဲ လုံးလုံးကြီး ဆန့်ကျင်တယ်။ ကျွန်တော် ပြောခဲ့တာက ဗိုလ်ချုပ်ကြီးတို့ မြေပြင်ပေါ်မှာ ဒီဥပဒေရဲ့ သက်ရောက်မှုက တော်တော်ပြင်းထန်တယ်။ ပြည်သူတွေကြားထဲမှာ တော်တော်ကို အထိတ်တလန့်ဖြစ်တယ်။ နောက်တစ်ခုက စစ်မှုထမ်းစာရင်းထဲ ထည့်ပြီးတော့ ပြန်ရွေးရတာတို့ လူစားထိုးရတာတို့ ကိစ္စတွေက သိန်းရာဂဏန်းအထိ ပေါက်နေတယ်။ ကျွန်တော် အဲဒီအတိုင်းပြောခဲ့တာ” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ထို့ပြင် NSPNC နှင့် တွေ့ဆုံစဉ် ပြည်သူ့ စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့် ခေါ်ယူရေးကိစ္စကို မည်သည့်ပါတီက ဆွေးနွေးပြောဆိုခဲ့သလဲဆိုသည့် မေးခွန်းအပေါ် ဖြေကြားရန် ဦးကိုကိုကြီးက ငြင်းဆန်ခဲ့သည်။
“ဘယ်ပါတီတွေက ပြောသလဲကိစ္စကိုတော့ ကျွန်တော် မပြောပါရစေနဲ့။ သို့သော် သေချာတာကတော့ ဒေါက်တာအေးမောင်ကတော့ ရှင်းတယ်။ ဦးကိုကိုကြီး မပြောဘူး။ ကျွန်တော် မပြောဘူး။ သူကတော့ မပြောတဲ့ သူကိုတော့ နာမည်တပ်ပြောလို့ ရတယ်။ ပြောတဲ့သူကိုတော့ မပြောသင့်ပါဘူး” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
အလားတူ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက အလုပ်အဖွဲ့နိုင်ငံရေးပါတီများအနေဖြင့် NSPNC နှင့် ဆွေးနွေးပွဲမတိုင်မီ ဆွေးနွေးမည့်အချက်များကို ကြိုတင် တောင်းခံပြီး သဘောတူဆုံးဖြတ်မှုများကိုသာ NSPNC နှင့် ဆွေးနွေးကြောင်း ပြည်သူ့စစ်မှု ထမ်းဥပဒေအရအရေအတွက် တိုးမြှင့်ခေါ် ယူရေးကိစ္စသည် နိုင်ငံရေးပါတီအလုပ်အဖွဲ့ နှင့် မသက်ဆိုင်သကဲ့သို့ NSPNC နှင့် ရရှိခဲ့ သည့် သဘောတူညီချက်များတွင်လည်း မပါဝင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
“သတင်းမှာ ခေါင်းကြီးတပ်လာတော့ ကျွန်တော် တော်တော်အံ့အားသင့်သွားတယ်။ အလုပ်အဖွဲ့ ၁၆ ပါတီအစည်းအဝေး အရင်ထိုင်တယ်။ ပြီးတော့ ဆွေးနွေးမယ့် အချက်တွေ ကို ကြိုတင်ပြီးတောင်းခံတယ်။ ပြီးတဲ့အခါ အားလုံးသဘောတူဆုံးဖြတ်ပြီးတဲ့အခါ ဒါကို နေပြည်တော်ကို သယ်သွားတယ်။ NSPNC နဲ့ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့သဘောတူညီ ချက်တွေကို လက်မှတ်ထိုးတယ်။ အခုကိစ္စ ဟာ သဘောတူညီချက်တွေမှာလည်း မပါ ဘူး။ နောက်တစ်ခုက အလုပ်အဖွဲ့ကိုယ်စားပြု ပြီးတော့ ပြောဆိုခြင်းလည်း မရှိဘူး။ တော်တော် လေးကို ထူးခြားပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
NSPNC နှင့် နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲ ကျင်းပရေး၊ PDF များ နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှုများပြားလာစေရေး၊ ပြည်သူ့စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ် ယူရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ထုတ် ပြန်ထားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ဖြစ် သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း အပါအဝင် ဖွဲ့စည်း ပုံပြင်ဆင်ရေးသဘောတူညီချက် ၄၀ ကျော်ရ ရှိခဲ့ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး က ပြောကြားသည်။
ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တွင် ပြု လုပ်ခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC ) နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဇန်နဝါရီ ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံတစ်ခုလုံးရဲ့ကျောရိုးက နိုင်ငံ တော်အခြေခံမူပေါ့။ အခြေခံမူမှာ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင် စုဆိုတာကို ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကျွန်တော်တို့ သဘောတူနိုင်ခဲ့ပါတယ်။ ဒီဟာ က အင်မတန်အရေးကြီးပါတယ်။ သူနဲ့ ဆက် စပ်တဲ့ပုဒ်မတွေကို ကြိုးစားတဲ့နေရာမှာ ခုနက ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကနေ ရွေးကောက် ဖို့ကိစ္စအပါအဝင် ခရိုင်အဆင့် အထူးသဖြင့် တော့ ပြည်နယ်မရသေးတဲ့ လူမျိုးစုငယ်တွေ အတွက် အုပ်ချုပ်ရေးမှူး ရွေးကောက်တင် မြှောက်ခွင့် ကြိုးစားနိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပုဒ်မ ၂၆၁ နှင့်ပတ်သက်၍ ဦးသိန်း စိန်အစိုးရလက်ထက် လွှတ်တမ်းသက်တမ်း ကာလနှင့် NLD အစိုးရလက်ထက် လွှတ်တော် သက်တမ်းကာလများအတွင်း ပြင်ဆင်ရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း ပြင်ဆင်နိုင်မှု မရှိခဲ့ပေ။
“ပုဒ်မ ၂၆၁ က ဘယ်လိုဖြစ်နေလဲဆို တော့ ရယ်စရာဖြစ်နေတယ်။ ရယ်စရာဖြစ်နေ တယ်ဆိုတာ ပထမအကြိမ် လွှတ်တော်တုန်း က အတိုက်အခံဘက်က ပြင်ဖို့အတွက် ကြိုး စားခဲ့တာ။ ပြင်မပေးဘူး။ တစ်ခါ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကျတော့ တပ်မတော် နဲ့ ဒီဘက်က အာဏာရအစိုးရကို အတိုက်အခံ ဖြစ်တဲ့ အင်အားစုများဘက်က ၂၆၁ ပြင်ဖို့ဆို ပြီး လုပ်ပြန်ရော။ ဆိုတော့ အတိုက်အခံဖြစ် သွားရင် ၂၆၁ ကို ပြောတယ်။ အာဏာရသွား ရင် မပြောတော့ဘူး။ အဲဒီလိုဖြစ်နေတယ်။ အခုချိန်ကျတော့ နိုင်ငံရေးပါတီ အစိုးရလည်း မဟုတ်ဘူး။ အဲဒီတော့ နစကအနေနဲ့ ပြင်ဖို့ ကိစ္စကကျတော့ အကြံပေးတွေ လေ့လာတွေ့ ရှိချက်တွေအရ တစ်ခါ ပြန်တွန့်နေပြန်ရော။ အဲဒီကျတော့ ကျွန်တော်တို့ဘက်ကလည်း မဟုတ်ဘူး။ ဒါတိုင်းရင်းသားတွေဘက်က ဒီ လောက်ကတော့ သူတို့လိုလားချက်တွေကို ဖက်ဒရယ်ဦးတည်တဲ့ဟာတွေက ပြင်မှ ဖြစ် မယ်။ အကယ်၍ စိုးရိမ်တယ်ဆိုရင်လည်း စိုးရိမ် ကြောင့်ကျမှုကို ၀ိုင်းဆွေးနွေးရမယ်။ အဲဒီလိုနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ရွေးချယ်ခွင့်ကို သဘောတူတဲ့အဆင့် ရောက် သွားတယ်” ဟု ကိုကိုကြီးက ပြောကြားသည်။
ထို့ပြင် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်အရေအတွက် လျှော့ချရေးနှင့် အရပ် ဘက်က တပ်မတော်အပေါ် အထင်အမြင်လွဲ နေသောကိစ္စများကို ပြုပြင်ပြောင်းလဲရန်အ တွက် ကြိုးစားနေကြောင်းလည်း ဦးကိုကိုကြီး က ဆိုသည်။
“ကျွန်တော်တို့ကတော့ နိုင်ငံရေးခံယူချက် အရ တပ်မတော်ကို နိုင်ငံရေးအခန်းကဏ္ဍက နေ တဖြည်းဖြည်းလျှော့ချဖို့ကိစ္စကိုလည်းပဲ ကြိုးစားနေဆဲဖြစ်ပါတယ်။ လက်ရှိ ပဋိပက္ခ မြင့်မားနေဆဲအချိန်မှာတော့ တချို့ဟာတွေ က နည်းနည်းအထိအခိုက်မခံတဲ့အချက်တွေ ရှိသလို တပ်မတော်အကြီးအကဲတွေလည်းပဲ လက်ရှိအချိန်ကို ကျော်လွှားနိုင်ဖို့ နောက် တပ်မ တော်ပုံရိပ်ကို ကောင်းမွန်တိုးတက်အောင် လုပ်ဖို့အတွက် တိုက်တွန်းအကြံပြုနေတာတွေ ရှိပါတယ်။ အထူးသဖြင့် အရပ်ဘက်က အ ထင်အမြင်လွဲနေတဲ့ ကိစ္စတွေကို ပြုပြင်ပြောင်း လဲဖို့အတွက် ကြိုးစားနေတာတွေရှိပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
အလားတူ ရွေးကောက်ပွဲကော်မရှင်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ပတ်သက် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများကိုလည်း NSPNC နှင့် နိုင်ငံရေးပါတီများ အစု အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြင်ဆင်နိုင်ခဲ့ ကြောင်း၊ အဆိုပါ ပြင်ဆင်နိုင်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မများကို လာမည့်လွှတ်တော် အစည်းအဝေးကာလအတွင်း ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။















