ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၂၀ ရက်တွင် သမိုင်း၀င် ဒုတိယမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရာတွင် အမေရိကန်ရွှေခေတ်သစ်ကို အဓိဌာန်ပြုခဲ့သည်ဆိုသော်လည်း စိတ်ပျက်စရာ ရာထူးအပ်နင်းပွဲ မိန့်ခွန်း၏အကြာင်းအရာအများအပြားတွင်အမေရိကန် ကျဆင်းမှုဟု ၎င်းပြောသည့်အရာတို့ကိုပြောင်းပြန်လှန်ပစ်ရန် တရားသေကိုင်စွဲထားသော မူဝါဒတို့အား အမွှန်းတင် ပြောဆိုခဲ့သည်။
ယေဘုယျအားဖြင့် သဘောထားကွဲတတ်သော မိန့်ခွန်းတွင် ၄၇ ဦးမြောက်အမေရိကန်သမ္မတက အမေရိကန်န်ုင်ငံရေးသမိုင်းတွင် အထူးခြားဆုံး တစ်ကျော့ပြန်လာမှုဖြစ်စေရမည်ဟု ပြောကြားရာ၌ ၎င်းက တရားမ၀င် ရွှေ့ပြောင်းများနှင့် ယဉ်ကျေးမှု စစ်ပွဲတို့ကို ဦးတည် ပြောဆိုခဲ့သည်။
"အမေရိကရဲ့ရွှေခေတ်ဟာ အခု စတင်ပါပြီ။။ ဒီနေ့ကနေ ရှေ့မှာ ကျွန်တော်တို့နိုင်ငံဟာ ကြီးပွားစည်ပင်လိမ့်မယ်။ ကမ္ဘာတစ်၀န်း လေးစားမှု ပြန်လည်ရရှိပါလိမ့်မယ်"ဟု ထရန့်က အမေရိကန်လွှတ်တော်ထဲတွင် ပြောကြားခဲ့သည်။ ခိုက်ခိုက်တုန်ချမ်းသောရာသီဥတုကြောင့် ၎င်းအား သမ္မတရာထူးအပ်နှင်းပွဲကို ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် လွှတ်တော် အဆောက်အအုံထဲတွင် ကျင်းပခဲ့သည်။
အောင်ပွဲရ ရွေးကောက်ပွဲ စည်ရုံးရေးပွဲတွင် လုပ်ကြံသူ၏ကျည်ဆန်က ၎င်းကို ရှပ်ထိသွးသည့်အကြောင်းကို ပြောကြားရာတွင်လည်း ထရန့်က"အမေရိကကို တစ်ဖန်ကြီးကျယ်အောင် လုပ်ပေးဖို့ ဘုရားက ကျွန်တော့်ကို ကယ်လိုက်တာပါ"ဟု ပြောကြားခဲ့သည်။
အသစ်ပြန်စခြင်းကို ကတိပြုပြောကြားရာတွင် ထရန့်က ရာထူးမှထွက်ခွာသွားသောသမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင် အစွန်းရောက်သော အဂတိလိုက်စားသော ဝါဒက အမေရိကန်နိုင်ငံသားများကို သစ္စာဖောက်သည့်အကြောင်းအား ပြင်းထန်စွာရှုတ်ချခဲ့သည်။
" အမေရိကရဲ့ကျဆင်းမှုဟာ ပြီးသွားပါပြီ"ဟု ထရန့်က ပြောကြားခဲ့သည်။
စောစောပိုင်းတွင် ထရန်နှင့်ဇနီးမယ်လာနီယာတို့ကို အိမ်ဖြူတော်၌ လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သော ဘိုင်ဒင်က ၎င်း၏တစ်ကြိမ်တည်းသောသက်တမ်းနှင့်စပ်လျဉ်း၍နောက်ဆုံး ဘ၀မှတ်တိုင်အကြောင်းကို ၎င်း၏နိုင်ငံရေးပြိုင်ဘက်က ပြောကြားနေသည်ကို အေးတိအေးစက်မျက်နှာဖြင့်ကြည့်နေခဲ့သည်။
ထရန့်က ၎င်း၏နိုင်ငံခြားရေး ပေါ်လစီကိုလည်း ဝေ့လည်ချောင်ပတ်ပြောခဲ့ရာ၌ ၎င်းသည် ငြိမ်းချမ်းရေး ဖော်ဆောင်သူ၊ စည်လုံးညီညွတ်စေသူ ဖြစ်ချင်သည်ဟု ပြောကြားခဲ့သည်ဆိုသော်လည်း အမေရိကန်ပြည်ထောင်စုက ပနားမားတူးမြောင်းကို ပြန်ယူမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသည် ကုန်သွယ်ရေးစစ်ပွဲများကို အစွန်းမရောက်ဘဲ အသုံးပြုမည်ဟု ဆိုသည်။
အင်္ဂါဂြိုဟ်ပေါ််တွင် အမေရိကန် အလံကို စိုက်မည်ဟုလည်း သမ္မတထရန့်က ပြောကြားခဲ့သည်။
အခမ်းအနားသို့ သမ္မတဟောင်းများဖြစ်သော ဘာရက်အိုဘားမား၊ ဂျော့ဒဗလျူဘုရှ်၊ ဘီလ်ကလင်တန်တို့ ဇနီးသည်များနှင်အတူ တက်ရောက်ခဲ့သည်ဆိုသော်လည်းအိုဘားမား၏ဇနီး မီရှယ်အိုဘားမား တက်ရောက်ခြင်းမရှိပေ။
ထို့အပြင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ်၊ Meta အကြီးအကဲ မာ့ခ်ဇူကာဘတ်၊ အမေဇုန်အကြီးအကဲ ဂျက်ဖ်ဘီဇော့၊ Google အမှုဆောင်ချုပ်ဆန်ဒါပီချိုင်းတို့ တို့ ထရန့်မိသားစု၊ အစိုးရအဖွဲ့၀င်များနှင့်အတူ လွှတ်တော်ထဲက အဓိက ထိုင်ခုံများတွင် ထိုင်ခဲ့ကြသည်။
■Ref:AFP















