လွတ်ခ်မန်းရဲ့ အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် လျှောက်လမ်းက အတက်အကျတွေ၊ အနိမ့်အမြင့်တွေနဲ့ ပြည့်နှက်နေတယ်။ ဆယ်ကျော်သက်အရွယ်မှာ အဲဗာတန်ကို ရောက်လာပြီးနောက် လွတ်ခ်မန်းရဲ့ဘဝက အတော်လေး ရုန်းကန်ခဲ့ရတယ်။ ၂၀၂၂ နွေရာသီမှာ အတ္တလန်တာကို မရောက်ခင်အထိ လွတ်ခ်မန်းဟာ အငှားကစားသမားဘဝနဲ့ ကလပ်အသင်းပေါင်းများစွာမှာ ကျင်လည်ခဲ့ရတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က မော်ရိုကိုနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၄ အာဖရိကတစ်နှစ်တာအကောင်းဆုံးကို လက်ခံရယူပြီးနောက်မှာ လွတ်ခ်မန်းက အိပ်မက်တွေအတွက် ဘယ်တော့မှ မရပ်တန့်နဲ့လို့ လူငယ်တွေကို အားပေးခဲ့တာပါ။ "ပြီးခဲ့တဲ့ (၄)နှစ်လောက်ကအထိ ကျွန်တော့်ရဲ့ကစားသမားဘဝက အတက်အကျတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ဒီစင်မြင့်ပေါ်ကို ရောက်နေပြီး အာဖရိကအကောင်းဆုံးကစားသမား ဖြစ်လာခဲ့ပါပြီ။ ခင်ဗျားရဲ့ကျဆုံးမှုတွေက ခင်ဗျားရဲ့အိပ်မက်တွေကို မရပ်တန့်ပါစေနဲ့"လို့ လွတ်ခ်မန်းက ပြောဆိုခဲ့တာပါ။
ကျဆုံးမှုတွေက အိပ်မက်တွေကို မရပ်တန့်နိုင်ဘူး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















