အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့်အတွက်ကြောင့်ဟုဆိုကာ ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ်ခြောက်လုံး ချိပ်ပိတ်ခံရ

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့်အတွက်ကြောင့်ဟုဆိုကာ ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ်ခြောက်လုံး ချိပ်ပိတ်ခံရ
Published 17 November 2024

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့်အတွက်ကြောင့်ဟုဆိုကာ ပေါင် မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ်  ခြောက်လုံး ချိပ်ပိတ်ခံခဲ့ရကြောင်း ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာ ၅ ရက်က အဆိုပါ ဥတ္တံတား (အတွင်း) ကျေးရွာသို့ လုံခြုံရေးတပ် ဖွဲ့ဝင်များ၊ မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိလာကာ ဥတ္တံတား (အတွင်း) ကျေးရွာနေ ဦးကျော်စွာ၊ ဦးအောင်ကျော်မိုး၊ ဒေါ်သန်းဦး၊  ဦးစိန်သောင်း၊ ဦးဖိုးပျော့၊ ဦးစဦးတို့၏ နေအိမ်များအား အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့်အတွက်ကြောင့်ဟုဆိုကာ နိုင်ငံတော် ပိုင်အဖြစ် ချိပ်ပိတ်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ချိပ်ပိတ်ခံရတဲ့နေ အိမ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ပေါင်မြို့နယ် သဲကုန်း၊ ညောင်ကုန်းကြီး နဲ့ ဥတ္တံတားကျေးရွာ (အတွင်း) မှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူတွေရဲ့ နေအိမ်တွေနဲ့  သူတို့နေထိုင်ခဲ့တဲ့ နေအိမ်လို့ သိရတယ်” ဟု ပြောကြားသည်။

အောက်တိုဘာ ၄ ရက်နှင့် ၆ ရက်များတွင် ပေါင်မြို့နယ် ဥတ္တံတား (အ တွင်း) ကျေးရွာ၊ ညောင်ကုန်းကြီးကျေးရွာနှင့် သဲကုန်းကျေးရွာများတွင် အမျိုးသားရှစ်ဦး အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရ မိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ ထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၁၉ ရက် နံနက်ပိုင်းက မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံ တား (အပြင်) ကျေးရွာ၊  ရပ်ကွက် (၆)၊ ဘောဂ ဗလလမ်းရှိ ဦးပြည့်ဖြိုးအောင် ဆိုသူပိုင်ဆိုင် သော နေအိမ်ခြံဝင်းအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ် ဖွဲ့က နယ်မြေရှင်းလင်းစဉ် ဖောက်ခွဲရေးနှင့် ဆက်စပ်သည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သေးကြောင်းနှင့် ထိုနေအိမ်ခြံဝင်းကိုလည်း ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။

         

Most Read

Most Recent