■ ချန်ပီယံလိဂ်ပွဲစဉ် (၄) အပြီးတွင် ရာနှုန်းပြည့်အနိုင်ရသည့်အသင်းအဖြစ် လီဗာပူးလ်တစ်သင်းတည်းသာ ကျန်ရှိ     

■ ချန်ပီယံလိဂ်ပွဲစဉ် (၄) အပြီးတွင် ရာနှုန်းပြည့်အနိုင်ရသည့်အသင်းအဖြစ် လီဗာပူးလ်တစ်သင်းတည်းသာ ကျန်ရှိ     
Photo: Getty Images
Photo: Getty Images
Published 8 November 2024

၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အပြီးတွင် ရာနှုန်းပြည့် အနိုင်ရသည့်အသင်းအဖြစ် လီဗာပူးလ်တစ်သင်းတည်းသာ ကျန်ရှိပြီး ဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

    

ပွဲစဉ် (၄) ကို နိုဝင်ဘာ ၅၊ ၆ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းများအနက် မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်နှင့် အာဆင်နယ်အသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့သည်။ 

ရေပန်းစားနေသည့်အသင်းများအနက် လီဗာပူးလ်အသင်းက အသင်းကွင်းလယ်လူဟောင်း အလွန်ဆိုကိုင်တွယ်နေသည့် လေဗာကူဆင်အသင်းကို အိမ်ကွင်း၌ (၄-၀) ဂိုး၊ ဘာစီလိုနာအသင်းက ဇဗက်ဒါအသင်းကို အဝေးကွင်း၌ (၅-၂) ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းက ဘင်ဖီကာအသင်းကို အိမ်ကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

သို့ဖြစ်ရာ ပွဲစဉ် (၄) အပြီးတွင် ရာနှုန်းပြည့်အနိုင်ရသည့်အသင်းအဖြစ်  လီဗာပူးလ်တစ်သင်းတည်းသာ ကျန်ရှိတော့ပြီး (၄)ပွဲနိုင်၊ (၁၂) မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။ 

၎င်း၏နောက်တွင် စပို့တင်းလစ္စဘွန်း၊ မိုနာကို၊ ဘရက်စ်နှင့် အင်တာမီလန်အသင်းတို့က (၁၀) မှတ်စီ၊ ဘာစီလိုနာ၊ ဒေါ့မွန်နှင့် ဗီလာအသင်းတို့က (၉)မှတ်စီဖြင့် အစဉ်လိုက်ရပ်တည်နေသည်။ 

ထို့နောက် အတ္တလန်တာက ရှစ်မှတ်၊ မန်စီးတီး၊ ဂျူဗင်တပ်စ်၊ အာဆင်နယ်၊ လေဗာကူဆင်၊ လိုင်လီ၊ ဆဲလ်တစ်၊ ဒိုင်နမိုဇာဂရက်တို့က ခုနစ်မှတ်စီ၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်၊ ဘင်ဖီကာ၊ အေစီမီလန်၊ ဖီယင်နု၊ ကလပ်ဘရုဂေး၊ အက်သလက်တီကိုတို့က ခြောက်မှတ်စီ ရရှိထားသည်။

Most Read

Most Recent