မြန်မာ-ထိုင်းနယ်စပ်မြဝတီ မြို့ယခုနှစ် အိမ်၊ခြံမြေ စျေးကွက်တွင် ယခင်နှစ်ကထက် စျေးသုံးဆခန့်မြင့်တက်သွားသော်လည်း ဝယ်လိုအားသာ များပြားလျက်ရှိကြောင်းသိရသည်။
မြဝတီမြို့ပေါ် ရပ်ကွက် ၅ရပ်ကွက်များရှိ ခြံမြေများမှာ ယခင်နှစ်ကထက် သုံးဆခန့် မြင့်တက်နေသော်လည်း ရေကြီးရေလျှံမှုဖြစ် လျှင် ရေမမြုပ်သည့်နေရာများမှာ ငါးဆခန့် မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။
“လွန်ခဲ့တဲ့သုံးနှစ်က ကျပ် သိန်း၈ဝဝနဲ့ ဝယ်ထားတဲ့ မြေကွက် ၊ယခုနှစ် မှာ ကျပ်သိန်း ၃၀၀၀ ပေးဝယ်တဲ့ ဝယ်လက်က ရှိနေတယ်။ နောက်နှစ် ဘာဖြစ်လာမလဲမခန့်မှန်းနိုင်တော့ မရောင်းရဲသေးဘူး။ တစ်နှစ်ထက်တစ်နှစ် နှစ်ဆ ၊သုံးဆ မြင့်တက်နေတာ။ ရောင်းပြီးရင် ဒီစျေးနဲ့နေရာကောင်းရဖို့မလွယ် တော့ပါဘူး” ဟု အမှတ်(၃)ရပ်ကွက် ကုန်းမြင့်ပိုင်းနေသူ တစ်ဦးက ပြောကြားသည်။
မြဝတီ မြို့ရှိ အိမ်ခြံမြေစျေးကွက်တွင် မြို့ပေါ်ရပ်ကွက်များ၌ လမ်းအလိုက်စျေးနှုန်း များကို ကျပ်သိန်း သောင်းဂဏန်းအထက်၊ ကျပ်သိန်း ထောင် ဂဏန်းစျေးနှုန်းများနှင့် မြို့ပြင် ရပ်ကွက်အသစ်များ^ သစ်တော (ကျွန်းတော)မြေကျူးကျော်မြေကွက်များ မှာလည်း ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်းတစ် ထောင်ခန့်ထိ စျေးခေါ်လျက်ရှိသည်။
“ယခုနှစ်ဝယ်လက်အလိုက်ဆုံးနဲ့ စျေး မြင့်တက်ဆုံးနေရာကတော့ မြဝတီတောင် ဘက် ကြံခင်းလမ်းမကြီး တစ်လျှောက်၊ စစ်မှု ထမ်း ဟောင်းရပ်ကွက်၊ အောင်စစ်သည် လမ်း၊ မယ့်ထော်သလေး ၊အင်ကြင်မြင်းသွား လမ်းမတွေက စျေးအရမ်းမြင့်တက်သွားပါ တယ်။ ယခင်နှစ်က ကျပ်သိန်း လေးငါးရာ ပေါက်စျေးရှိခဲ့တဲ့မြေကွက်တွေဟာ ဒီနှစ်မှာ သိန်း၂၀၀၀ ပတ်ဝန်းကျင် နဲ့ အရောင်း အဝယ် ဖြစ်နေကြပါတယ် ” ဟု အိမ်ခြံမြေ အကျိုး ဆောင်လုပ်သူတစ်ဦးကပြောကြားသည်။
မြဝတီ မြို့တောင်ဘက်တွင် ဖွံ့ဖြိုးတိုး တက်လာသည့် ကာစီနို၊အဆောက်အအုံ ၊ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် မြေ ကွက် များအဝယ်လိုက်ပြီး စျေးမြင့်တက်သွား ခြင်း ဖြစ် သည်ဟု ဒေသခံများထံမှသိရသည်။
အငှားအိမ်များ၊ ဆိုင်ခန်းငှား များမှာ လည်း နေရာ ဒေသအလိုက် ယခင်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လျက်ရှိခြင်းကြောင့် အခန်းငှားပြီး စျေးဆိုင်ဖွင့်လှစ်ရသူ ဒေသခံ များ အခက်ကြုံလျက်ရှိသည်ဟုဆိုသည်။
အာရှလမ်းသစ် ပိတ်ထားဆဲဖြစ်ခြင်း ကြောင့်နယ်စပ်ကုန်သွယ်မှု နှောင့်နှေးခက်ခဲ လျက်ရှိသော်လည်း တာချီလိတ်ဘက်မှ ရွှေ့ လာသော ကာစီနိုလောင်းကစားလုပ်ငန်းနှင့် စားသောက်ဆိုင် များကြောင့် လူဦးရေများပြား လာကာ အိမ်ခြံမြေစျေးကွက်တစ်ခုလုံး လှုပ် ခတ် သွားခြင်းဖြစ်သည်ဟု မြဝတီ မြို့မှ ဒေသ ခံတစ်ဦးက ပြောကြားသည်။