ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း ထရာမီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် မုန်တိုင်း သည် ပင်လယ်ဘက်သို့ ရွှေ့လျားသွားချိန်တွင် နိုင်ငံတွင်း၌ ကယ်ဆယ်ရေးအဖွဲ့များသည် ရေကြီးမှုကြောင့် နေအိမ်ခေါင်မိုးများပေါ်တွင် ပိတ်မိနေသော ဒေသခံများဆီ ရောက်ရှိကယ် တင်နိုင်ရန် အောက်တိုဘာ ၂၅ ရက်တွင် ဆက်လက် ရုန်းကန်နေရဆဲဖြစ်သည်။
မုန်တိုင်းကြောင့် အချို့နေရာများတွင် နှစ်ရက်အတွင်း ရွာသွန်းသည့်မိုးရေချိန်သည် နှစ်လကြာ ရွာသွန်းခဲ့သည့်မိုးရေချိန်နှင့်တူညီနေသည့်အတွက် ရေကြီးရေလျှံမှုကိုဆိုး ဆိုးရွားရွားကြုံတွေ့နေရပြီး လူပေါင်းသိန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရသည်။
“နေအိမ်တွေရဲ့ခေါင်မိုးပေါ်မှာ ပိတ်မိ နေကြသေးသူ အများအပြားဆက်လက်ရှိနေ ပြီး အကူအညီတောင်းခံထားဆဲဖြစ်ပါတယ်”ဟု ရေဘေးကို အဆိုးရွားဆုံးကြုံတွေ့နေသည့် ဘီကိုလ်ဒေသမှ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးအန် ဒရီဒီဇွန်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
“မိုးရွာတာ ရပ်သွားတဲ့အတွက် ဒီကနေ့ (အောက်တိုဘာ ၂၅ ရက်)မှာတော့ ရေပြန်ကျသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”ဟု ၎င်းက ဆိုသည်။
အောက်တိုဘာ ၂၅ ရက်၌ ကယ်ဆယ် ရေးသမားများအတွက် အထူးသဖြင့်ဘီကိုလ် ဒေသတွင် ပိတ်မိနေသူများထံ ရောက်ရှိနိုင် ရန်မှာ အဓိကပြဿနာတစ်ခုအဖြစ်ရှိနေကြောင်း သမ္မတ ဖာဒီနန်မားကို့စ်က သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အရင်က မြေပြိုမှုတွေ မဖြစ်ပွားဖူးတဲ့ နေရာတွေမှာမြေပြိုမှုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်ခန့်မှန်းရသလောက် မြေဆီလွှာတွေက အပြည့်အဝ စိုရွှဲနေပြီးရေ တွေက ဘယ်နေရာကိုမှ မစီးဆင်းတော့ပါဘူး” ဟု ၎င်းင်းကဆိုသည်။
နာဂနှင့်လီဂက်စ်ပီမြို့များတွင် သေဆုံး သူအများအပြားရှိသော်လည်း ယခုအချိန်အ ထိ ယင်းနေရာများသို့ မရောက်နိုင်သေး ကြောင်း မားကို့စ်က ထပ်မံပြောကြားခဲ့သည်။
ထရာမီမုန်တိုင်းသည် အောက်တိုဘာ ၂၅ ရက်အစောပိုင်းအချိန်တွင် အနောက် ဘက်သို့ ရွှေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဦးတည်သွားချိန်တွင် ဖိလစ်ပိုင်၌ မုန်တိုင်း ကြောင့် သေဆုံးသူဦးရေသည် ၄ဝအထိရှိလာခဲ့သည်။
မနီလာမြို့တော် တောင်ပိုင်းရှိ ဘာတန် ဂတ်စ်ပြည်နယ်တွင် ရဲအရာရှိ နယ်လ်ဆန်ကာ ဘူဆို၏ ပြောပြချက်အရ ဆမ်ပါလိုကျေးရွာ တွင် အမည်မသိအလောင်းခြောက်လောင်း ကို တွေ့ရှိခဲ့သည်ဟုဆိုသည်။
“မနေ့က(အောက်တိုဘာ ၂၄ရက်)က အဲဒီဒေသမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါ တယ်။ကျွန်တော်တို့လူတွေက နောက်ထပ် သေဆုံးသူတွေရှိ၊မရှိ လိုက်လံစစ်ဆေးနေပါ တယ်”ဟု ၎င်းင်းကဆိုသည်။
ဆူဘစ်လာရာ ကမ်းရိုးတန်းကျေးရွာ၌ လည်း ရေကြီးမှုကြောင့် နောက်ထပ်သေဆုံး သူ ငါးဦးတွေ့ရှိခဲ့သောကြောင့် သေဆုံးသူစု စုပေါင်း ၄၀ ထက်မနည်းရှိလာခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့နှင့် သဘာဝဘေးအန္တရာယ် တာဝန်ရှိသူများက ဆိုသည်။
အဓိက လူဇွန်ကျွန်းတွင် အစိုးရရုံးများ နှင့် စာသင်ကျောင်းများကို အောက်တိုဘာ ၂၅ ရက် အထိ ဆက်လက်ပိတ်ထားပြီး အ နောက်ဘက်ကမ်းရိုးတမ်းတစ်လျှောက် ပင် လယ်ရေမျက်နှာပြင် မြင့်တက်မှုသတိပေး ချက်များ ဆက်လက်ထုတ်ပြန်ထားကာလှိုင်း အမြင့်သည် နှစ်မီတာအထိ မြင့်တက်နိုင် ကြောင်း သတိပေးထားသည်။
Ref;AFP