ကွန်းဖရန့်လိဂ် ပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ် ပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
Photo: Chelsea
Photo: Chelsea
Published 24 October 2024

စိန့်ဂယ်လန် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

ဖီအိုရင်တီးနားအသင်းက အခုရာသီ အတ္တလန်တာကိုပဲ ကပ်အရေးနိမ့်ထားတယ်။ အဝေးကွင်းပေမဲ့ ဖီအိုရင်တီးနားကို ကြိုက်တယ်။

ပါနာသီနေကော့စ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ပွဲကျပ်တွေကြားမှာ ကွန်းဖရန့်လိဂ်ပွဲကို ကစားရမှာပါ။ လီဗာပူးလ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိမှုလည်း ရပ်တန့်သွားခဲ့တယ်။ အခုပွဲမှာတော့ ချယ်လ်ဆီးနည်းပြ မာရက်စကာက  တစ်သင်းလုံး အပြောင်းအလဲလုပ်ပြီး ပထမပွဲက လူစာရင်းနဲ့ ပွဲထွက်လာဖို့ရှိတယ်။ ဂရိကလပ် ပါနာသီနေကော့စ်အသင်းမှာ နိုင်ငံစုံက ကစားသမားအများအပြား ကစားနေပေမဲ့ မန်ယူအသင်းက ပြောင်းလာတဲ့ ပယ်လစ်ထရီလောက်ပဲ လူသိများပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ချယ်လ်ဆီးအသင်း အနိုင်ကစားဖို့များတယ်။

ပါဖိုးစ် နှင့် ဟိုင်းဟိုင် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အခုပြိုင်ပွဲမှာ ပါဖိုးစ်အသင်းက လျှော့တွက်လို့မရတဲ့စာရင်းထဲ ထည့်ထားလို့ရတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ပါဖိုးစ် အမှတ်ရနိုင်တယ်။

ဘက်တစ် နှင့် FC ကိုပင်ဟေဂင် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံး အဖွင့်ပွဲတွေမှာ ရှုံးပွဲကိုယ်စီတွေ့ထားခဲ့ကြတယ်။ FC ကိုပင်ဟေဂင်အသင်းက ဥရောပပြိုင်ပွဲတွေမှာ နှစ်စဉ်ယှဉ်ပြိုင်နေတဲ့အသင်း ဖြစ်ပေမဲ့ ကစားသမားပိုင်းမှာတော့  ဘက်တစ်အသင်းက အပြတ်အသတ်သာပါတယ်။ ဘက်တစ်အသင်း အခုပြိုင်ပွဲအပေါ် ဘယ်လောက်အထိ အာရုံစိုက်မလဲ ဆိုတာကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။ ဘက်တစ်အသင်းကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent