လက်ရွေးစင်အသင်းများနဲ့ စျေးကွက်တန်ကြေး

လက်ရွေးစင်အသင်းများနဲ့ စျေးကွက်တန်ကြေး
Photos: AFP
Photos: AFP
Published 16 October 2024
Phoe Thar

နာမည်ကျော်ဘောလုံးစျေးကွက်ဝက်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ Transfer Markt ရဲ့ လက်ရှိကစားနေတဲ့ အောက်တိုဘာလနိုင်ငံတကာပွဲစဉ်တွေမတိုင်မီ လက်ရွေးစင်အသင်းတွေရဲ့ ကစားသမားစုဖွဲ့မှုနဲ့ စျေးကွက်တန်ကြေးတွေကိုထုတ်ပြန်ခဲ့ရာမှာတော့ နာမည်ကြီးအင်္ဂလန်အသင်းက ထိပ်ဆုံးမှာ ပြတ်ပြတ်သားသားရပ်တည်နေပါတယ်။ ဘောလုံးဘိုးအေနိုင်ငံလို့တင်စားထားကြသလို၊ ကမ္ဘာ့အကောင်းဆုံး၊ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ ရုပ်သံကြည့်ရှုမှုအများဆုံး  ပရီးမီးယားလိဂ်ကိုပိုင်ဆိုင်ထားတဲ့ အင်္ဂလန်ဘောလုံးလောကအတွက် ပရိသတ်အာရုံစိုက်မှုခံရတာက ထူးဆန်းတဲ့အရာ မဟုတ်တော့ပါဘူး။ ထိပ်တန်းအဆင့် ရွှေရောင်မျိုး ဆက်ကစားသမားတွေ အစဉ်အဆက်ပိုင်ဆိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဟာ ဘယ်လောက်ပဲ ရလဒ်တွေဆိုးနေပါစေ။ ဘယ်လောက်ပဲရုန်းကန်နေရပါစေ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲကြီးတွေမှာ အမြဲတမ်းလိိုလို ချန်ပီယံဆုအတွက်ရေပန်းစားတဲ့ အသင်းတစ်သင်း ဖြစ်ခဲ့သလို၊ လက်ရှိစျေးကွက်တန်ကြေးအမြင့်ဆုံးမှတ်တမ်းအပါအဝင် အင်္ဂလန်ရဲ့ ဘောလုံးနဲ့ပတ်သက်သမျှအရာရာဟာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

 

Most Read

Most Recent