သီတင်းကျွတ်ကာလအတွင်း ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များအား အထူးရထားများဖြင့် တိုးချဲ့ပြေးဆွဲပေးမည်

သီတင်းကျွတ်ကာလအတွင်း ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များအား အထူးရထားများဖြင့် တိုးချဲ့ပြေးဆွဲပေးမည်
Published 12 October 2024

သီတင်းကျွတ်ကာလအတွင်း ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များအား အထူးရထားများဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန် - မော်လမြိုင် - ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား ဖော်ပြပါနေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတိုးချဲ့ပြေးဆွဲမည့် နေ့ရက်များမှာ အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်မှ ပြည်၊ ရန်ကုန်မှ မော်လမြိုင်၊ မော်လမြိုင်မှ ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက်တွင် ပြည်မှ ရန်ကုန်၊ ရန်ကုန်မှ မော်လမြိုင်၊ မော်လမြိုင်မှ ရန်ကုန် စသဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ရက်များအလိုက် အထူးရထားများအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့်ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရထားစီးခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent