ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 21 September 2024

ဘရိုက်တန် နှင့် နော်တင်ဟမ်

ဘရိုက်တန်အသင်းက မန်ယူကိုနိုင်၊ အာဆင်နယ်ကို သရေကစားပြီးမှ အစ်ဝစ်ချ်နဲ့ အမှတ်ခွဲယူခဲ့ရတယ်။ လူငယ်နည်းပြ ဟူဇီလာလက်ထဲက ဘရိုက်တန်အသင်း အိမ်ကွင်းနှစ်ပွဲဆက်တော့ ရလဒ်မဆိုးသွားလောက်ဘူး။ နော်တင်ဟမ်ကလည်း အန်ဖီးလ်မှာ လီဗာပူးလ်ကို အနိုင်ရခဲ့သလို၊ ဒီရာသီအဝေးကွင်း နှစ်ပွဲစလုံး အနိုင်ကစားထားတယ်။ ဘရိုက်တန်ကို ပိုကြိုက်တယ်။

မန်စီးတီး နှင့် အာဆင်နယ်

ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ အသာစီးရခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးအသင်းရဲ့ဒုတိယရာသီဝက် ခြေစွမ်းတစ်သမတ်တည်းရှိမှုကို အာဆင်နယ် မယှဉ်နိုင်ဘဲချန်ပီယံအိပ်မက်နဲ့ ထပ်ဝေးခဲ့ရတယ်။ အခု တစ်သင်းကို လေးပွဲစီ ကစားအပြီးမှာ မန်စီးတီးအသင်းက ရာနှုန်းပြည့်အနိုင်ရထားပြီး အာဆင်နယ်ကတော့ ဘရိုက်တန်နဲ့ပွဲမှာ အမှတ်လျော့ထားခဲ့တယ်။ မန်စီးတီးအသင်းမှာ လူပြန်စုံနေပြီး အခုပွဲမှာ ရိုဒရီ၊ ဖိုဒန်တို့ ပွဲထွက်ကစားလာနိုင်တယ်။ အရန်အင်အားကလည်း အာဆင်နယ်ထက် မန်စီးတီးက နေရာစုံ အပြောင်းအလဲလုပ်နိုင်စွမ်းရှိတယ်။ မန်စီးတီးအသင်းရဲ့ အီတီဟတ်ကွင်းမှာလည်း ပြီးခဲ့တဲ့ရာသီက သရေကျခဲ့တာကလွဲလို့ အဲဒီမတိုင်ခင် (၈)ပွဲဆက်တိုက် အိမ်ရှင်အသင်းကပဲ အနိုင်ယူထားတာ တွေ့ရတယ်။ မန်စီးတီးအသင်းကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent