■ လိဂ်ဖလားပွဲတွင် ပွဲထွက်ကစားခွင့်ရရှိရန် အန်တိုနီ မျှော်လင့်နေ

■ လိဂ်ဖလားပွဲတွင် ပွဲထွက်ကစားခွင့်ရရှိရန် အန်တိုနီ မျှော်လင့်နေ
Photo: Gettyimages
Photo: Gettyimages
Published 17 September 2024

မန်ယူအသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီသည် အင်္ဂါနေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလားပြိုင်ပွဲတွင် ပွဲထွက်ကစားခွင့်ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။

အန်တိုနီ(၂၄ နှစ်)သည် ယခုရာသီတွင် မန်ယူအသင်းအတွက် မိနစ်ပိုင်းသာ လူစားဝင်ကစားခွင့်ရရှိထားပြီး အရန်ခုံထိုင်နေရသူဖြစ်သည်။

ထို့ကြောင့် ဘန်စလေနှင့် ယှဉ်ပြိုင်ကစားရမည့် လိဂ်ဖလားပွဲ၌ ပွဲထွက်ခွင့်ရရှိရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူနည်းပြ တန်ဟက်ဂ်ကလည်း အန်တိုနီအနေဖြင့် ပွဲထွက်ကစားခွင့်ရရှိမည့် အခွင့်အရေးကို ရယူရမည်ဖြစ်ကြောင်းနှင့် လေ့ကျင့်ရေးကွင်းမှ စွမ်းဆောင်ရည်အပေါ်မူတည်၍ ပွဲထွက်ခွင့်အတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent