ဆမ်ဘာတို့ရဲ့ မရေရာခြင်းခရီးကြမ်း

ဆမ်ဘာတို့ရဲ့ မရေရာခြင်းခရီးကြမ်း
Photo : X
Photo : X
Published 5 September 2024
Phoe Thar

၂၀၂၄ ကိုပါအမေရိကကျရှုံးမှုအလွန်မှာပဲ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် နောက်ထပ်စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ဖိအားတွေက အသင့်အနေအထားစောင့်ကြိုနေတယ်။ ဒီတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာရက်သတ္တပတ်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲစဉ်တွေအဖြစ် အီကွေဒေါ (အိမ်)၊ ပါရာဂွေး (အဝေး)တို့နဲ့ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး (၂)ပွဲစလုံးက ခြေစစ်ပွဲ အဆင့်ရပ်တည်မှုအတွက်ရော၊ ဘရာဇီးလ်အသင်းရဲ့ ဂုဏ်သိက္ခာနဲ့အဆင့်အတန်းအတွက်ပါမဖြစ် မနေအနိုင်ရဖို့လိုအပ်နေတာပါ။ ပုံမှန်အရဆိုရင် တောင်အမေရိဇုန်ခြေစစ်ပွဲဆိုတာ ဘရာဇီးလ်အသင်းအတွက် ခြေစမ်းပွဲသာသာပေါ့ပေါ့ပါးပါးယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မျိုးဖြစ်ပေမယ့် လက်ရှိမှာတော့ ဘရာဇီးလ်အသင်းရဲ့ အဖက်ဖက်ကကျရှုံးမှုတွေနဲ့အတူ နိုင်ပွဲတစ်ပွဲ၊ ရမှတ် (၃)မှတ်ရဖို့ ရေကုန်ရေခမ်း နားအားထုတ်ရတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

 

Most Read

Most Recent